မကြာခင်ထွက်ရှိလာမယ့် Samsung Galaxy Tab S6 Lite တက်ဘလက်အသစ်ဟာ Amazon Germany မှာတော့ အကြိုအမှာစာလက်ခံနေပြီဖြစ်ပြီး ဈေးကွက်ထဲရောက်ရှိမယ့်ရက်ကို ဧပြီလ ၂ ရက်နေ့လို့ ဖော်ပြထားပါတယ်။ ဒီတက်ဘလက်ရဲ့ LTE ဗားရှင်းကိုသာ မြင်ရပြီး ဈေးနှုန်းက ယူရို ၄၃၀ (မြန်မာငွေခြောက်သိန်းခွဲ) သတ်မှတ်ထားပါတယ်။

Tab S6 Lite အတွက်တော့ Wi-Fi ဗားရှင်းတစ်ခုတည်းပဲ ရှိမှာသေချာသလောက်ဖြစ်နေပြီး 5G လည်း ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် 4G ထက်မြန်ချင်ရင်တော့ Galaxy Tab S6 5G ကိုသာ ဝယ်ယူရတော့မှာဖြစ်ပါတယ်။

Amazon ဟာ တက်ဘလက်အသစ်ရဲ့ Specs အချို့ကိုလည်း အတည်ပြုထားပြီး Galaxy Tab S6 ဟာ 10.4” လက်မ Screen နဲ့ထွက်လာကာ S Pen လည်း ပါဝင်လာမှာပါ။ လောလောဆယ် Display နဲ့ ချစ်ပ်ဆက်အမျိုးအစားတို့ကို မသိရသေးပေမယ့် Leak သတင်းအရတော့ LCD အမျိုးအစားနဲ့ Exynos 9611 ချစ်ပ်ဆက်လို့ ဆိုထားပါတယ်။

Tab S6 Lite မှာ 4GB RAM မန်မိုရီနဲ့ Android 10 OS တို့ပါဝင်ပါတယ်။ အထူက 7mm သာရှိပြီး 798g ထိ လေးပါတယ်။ Amazon ရဲ့ဖော်ပြထားတဲ့ရက်စွဲသာအမှန်ဆိုရင်တော့ Samsung ဟာ Galaxy Tab S6 Lite ကို လာမယ့် ကြာသပတေးမှာ နောက်ဆုံးထားပြီး မိတ်ဆက်လာမှာပါ။

Ref – GSM Arena