Samsung ဟာ Galaxy Tab S6 ကို မနှစ်က ဇူလိုင်လမှာ မိတ်ဆက်ခဲ့ပြီး ယနေ့မှာတော့ သူ့ထက် ဈေးပိုချိုတဲ့ ဗားရှင်းအဖြစ် Galaxy Tab S6 Lite ကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။

Galaxy Tab S6 Lite စမတ်ဖုန်းမှာ Uni-body Metal ကိုယ်ထည်ဒီဇိုင်းနဲ့ 10.4” လက်မအရွယ် 2000x1200p LCD Display ပါဝင်ပါတယ်။ Super AMOLED Display ကို 2560x1600p Resolution နဲ့ Tab S6 ထက် 0.1” လက်မ ပိုသေးကာ Tab S6 ရိုးရိုးမှာလို In-display Fingerprint ကိုလည်း ချန်ထားခဲ့ပါတယ်။

အတွင်းမှာတော့ Galaxy Tab S6 Lite ဟာ 2.3GHz Octa-core Processor တစ်ခုကို အသုံးပြုထားပြီး အမည်ကို မဖော်ပြထားပေမယ့် Samsung ကိုယ်ပိုင် Exynos 9611 ချစ်ပ်ဆက်ဖြစ်ပုံရပါတယ်။ Tab S6 Lite မှာ 4GB RAM မန်မိုရီပါဝင်ပြီး Storage ကတော့ 64/128GB ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်မှာပါ။

Software ကတော့ Galaxy Tab S6 Lite ကို Android 10 OS အခြေခံ One UI 2.0 နဲ့အသုံးပြုရမှာဖြစ်ပါတယ်။ Dark Mode နဲ့ Samsung Knox တို့လည်းပါဝင်ကာ သင့်မှာ အနိမ့်ဆုံး 3GB RAM နဲ့ Android Pie OS ပါဝင်တဲ့ Samsung စမတ်ဖုန်းတစ်လုံးရှိရင် ဖုန်းခေါ်ဆိုမှုတွေနဲ့ မက်ဆေ့တို့ကို Tab S6 Lite ကနေ ဖြေကြားနိုင်စေမှာပါ။

Samsung Tab S6 Lite ရဲ့နောက်ဘက်မှာ 8MP ကင်မရာပါဝင်ပြီး ရှေ့မှာလည်း 5MP ဆဲလ်ဖီကင်မရာတစ်လုံး ထည့်သွင်းထားပါတယ်။ Galaxy Tab S6 Lite မှာ S-Pen Stylus ထောက်ပံ့မှုပါဝင်ပြီး သီးသန့်ရောင်းချတဲ့ Book Cover မှာလည်း Stylus အတွက် နေရာပါပါတယ်။ သူ့ရဲ့ဘက္ထရီကတော့ 7,040 mAh ရှိပြီး USB-C Port နဲ့ အားသွင်းရမှာပါ။

Galaxy Tab S6 Lite ကို ကာလာသုံးမျိုးနဲ့ရရှိနိုင်ပြီး Oxford Gray, Chiffon Pink နဲ့ Angora Blue လို့ ခေါ်ထားပါတယ်။ လောလောဆယ် Samsung ရဲ့ အင်ဒိုဝက်ဆိုက်ပေါ်ရောက်နေပြီဖြစ်ပေမယ့် ရရှိနိုင်မယ့် ဈေးကွက်တွေနဲ့ ဈေးနှုန်းကို မဖော်ပြသေးပါဘူး။ အင်ဒိုအရောင်းဌာနခွဲကတော့ Tab S6 Lite ကို ဝယ်ယူရင် YouTube Premium လေးလစာ ပါဝင်မယ်လို့ဆိုပါတယ်။

Ref – GSM Arena