ဤ tablet အသစ်တွင် စွမ်းဆောင်ရည် ပိုမိုမြင့်မားသော ပြန်လည်ဆန်းသစ်ထားသည့် S Pen ပါရှိသည့်အတွက် မှတ်စုများ ရေးမှတ်ရာတွင် ပိုမိုအဆင်ပြေလွယ်ကူမှု ရှိစေမည့် အပြင် ကျယ်ပြန့်သော မျက်နှာပြင် ထည့်သွင်းပေးထားသည့် အတွက်လည်း ပိုမိုကောင်းမွန်သော ဖျော်ဖြေရေးပိုင်းဆိုင်ရာ ခံစားမှုကို ရရှိနိုင်မည် ဖြစ်သည်ဟု ဆိုသည်။

Samsung မြန်မာသည် အလုပ်လုပ်ကိုင်ရာတွင် ဖြစ်စေ၊ ဖျော်ဖြေရေး အစီအစဉ်များ ကြည့်ရှုရာတွင် ဖြစ်စေ အဆင်ပြေလွယ်ကူမှု အပြည့်အဝ ရရှိစေရန် ရည်ရွယ်ထုတ်လုပ်ထားသည့် စတိုင်ကျနလှပသော Galaxy Tab S6 Lite tablet အသစ်အား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် စတင်မိတ်ဆက်ခဲ့သည်။ Galaxy Tab S6 Lite သည် ကြီးမားကျယ်ပြန့်သော မျက်နှာပြင် အရွယ်အစား၊ ပါးလွှာကျစ်လစ်သော ကိုယ်ထည်နှင့် ပြန်လည်ဆန်းသစ်ထားသည့် S Pen တို့ဖြင့် ထွက်ရှိလာပြီး မှတ်စုတိုများ ရေးမှတ်ရာတွင် ဖြစ်စေ၊ မိမိ အကြိုက်နှစ်သက်ဆုံးသော အကြောင်းအရာများ၊ အစီအစဉ်များအား ကြည့်ရှုရာတွင် ဖြစ်စေ သုံးစွဲသူများ အတွက် အသင့်တော်ဆုံးဖြစ်စေမည် ဖြစ်သည်။

“မျက်မှောက်ခေတ်မှာ လူတိုင်းလူတိုင်းဟာ ပိုမိုအလုပ်များလာတဲ့ အပြင် အလုပ်ချိန်တွေကလည်း တသမတ်တည်း မဟုတ်တော့ပဲ ကိုယ်ပိုင်အချိန်တွေမှာပါ အလုပ်တွေ လုပ်ကိုင်နေလာရတဲ့ အချက်ကို ကျွန်တော်တို့ သိရှိထားပါတယ်။ ဒါကြောင့်မို့လို့ သုံးစွဲသူတွေ အနေနဲ့လည်း သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ လုပ်ဆောင်နေရတဲ့ အရာတွေအားလုံးကို ပိုမိုအဆင်ပြေလွယ်ကူမှု ရှိစေမယ့် ဘက်စုံသုံး စက်ပစ္စည်း တစ်ခုကို လိုအပ်လာပါပြီ။ အခု ကျွန်တော်တို့ အသစ်မိတ်ဆက်လိုက်တဲ့ Galaxy Tab S6 Lite tablet နဲ့ S Pen အသစ် ဟာ အဆန်းသစ်ဆုံး နည်းပညာတွေနဲ့ တီထွင်ဖန်တီးထားတဲ့အတွက် သုံးစွဲသူတွေ အနေနဲ့ သူတို့ရဲ့ အိုင်ဒီယာ အသစ်အဆန်း တွေကို အကောင်အထည်ဖော် လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပြီး အလုပ်ကိစ္စ အများအပြားကိုလည်း တစ်ပြိုင်နက်တည်း၊ တစ်ချိန်တည်းမှာ အလွယ်တကူ လုပ်ဆောင်သွားနိုင်မှာ ဖြစ်တဲ့ အတွက် သူတို့အတွက် ပိုမိုအရေးပါတဲ့ အရာတွေကို လုပ်ဆောင်ဖို့ အတွက် ပိုမို အချိန်ရရှိ သွားနိုင်မှာ ဖြစ်ပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။

စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေမည့် စွမ်းဆောင်ရည် ပိုမိုမြင့်မားသော ပြန်လည်ဆန်းသစ်ထားသည့် S Pen

သုံးစွဲသူများအနေနှင့် အလုပ်လုပ်ကိုင်ရာတွင်ဖြစ်စေ၊ စာသင်ရာတွင်ဖြစ်စေ၊ နေအိမ်တွင် အပန်းဖြေရာတွင် ဖြစ်စေ Galaxy Tab S6 Lite တွင် ပါဝင်သည့် အဆင့်မြှင့်တင်ထားသော S Pen သည် မှတ်စုများရေးမှတ်ရာတွင် လည်းကောင်း၊ လုပ်ဆောင်ချက် အများအပြားအား တစ်ပြိုင်နက်တည်း လုပ်ဆောင်ရာတွင် လည်းကောင်း အဆင်ပြေလွယ်ကူမှု အပြည့်အဝ ရရှိစေမည် ဖြစ်သည်။ ဤ ပြန်လည်ဆန်းသစ်ထားသည့် S Pen သည် ပိုမိုသက်တောင့်သက်သာ ရှိစေရန်နှင့် လုပ်ဆောင်နိုင်စွမ်း ပိုမိုမြင့်မားစေရန် ပြုလုပ်ပေးထားသည့် အတွက် လက်ထဲတွင် ကိုင်တွယ်အသုံးပြုသည့် အခါတွင် ပုံမှန်ဘောပင်တစ်ချောင်းအား အသုံးပြုနေရသကဲ့သို့ ခံစားမှုမျိုးအား ရရှိစေမည် ဖြစ်သည်။ ထို့အပြင် S Pen သည် အလေးချိန် ၇.၀၃ ဂရမ်မျှသာ ရှိသည့်အတွက် ပေါ့ပါး၍ အသုံးပြုရ လွယ်ကူစေမည် ဖြစ်ပြီး latency (ရေးဆွဲသည့် အချိန်နှင့် မျက်နှာပြင်၌ ပေါ်လာသည့် အချိန်ကြား ကွာဟချက်) ပမာဏကိုလည်း အနည်းဆုံးဖြစ်စေရန် အဆင့်မြှင့်တင်ထားသည့် အပြင် Pen ၏ ထိပ်ပိုင်းသည်လည်း ၀.၇ မီလီမီတာမျှသာ ရှိသည့်အတွက် မှတ်စုများ ရေးမှတ်ရာတွင်ဖြစ်စေ၊ ရုပ်ပုံများ ရေးဆွဲရာတွင် ဖြစ်စေ ပိုမိုတိကျမှု ရှိစေမည် ဖြစ်သည်။ ထို့အပြင် Tablet ပေါ်တွင် အိုင်ဒီယာများ ရေးမှတ်ပြီးသည့် အချိန်တွင်လည်း S Pen အား tablet ၏ ညာဖက်တွင် ဖြစ်စေ၊ book cover တပ်ဆင်ထားပါက book cover တွင်ဖြစ်စေ အလွယ်တကူ သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Galaxy Tab S6 Lite တွင် ပါရှိသည့် S Pen အား အသုံးပြုရန် ဘက်ထရီအားသွင်းစရာ လိုမည် မဟုတ်သည့် အတွက် အားကုန်မည်ကို စိုးရိမ်စရာ မလိုပဲ တစ်နေ့တာလုံး စိတ်ကျေနပ်မှု အပြည့်ဖြင့် အသုံးပြုသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် သုံးစွဲသူများ အနေနှင့် S Pen အား အသုံးပြု၍ Samsung Notes တွင် လက်ရေးနှင့် ရေးသားထားသော မှတ်စုများအား စာတိုများအဖြစ်သို့ ချက်ချင်းပြောင်းလဲပေးနိုင်သည့် လုပ်ဆောင်ချက်လည်း ပါရှိမည် ဖြစ်သည့်အပြင် မှတ်သားထားသော မှတ်စုများကိုလည်း ခေါင်းစဉ်အလိုက် အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်သည်။ အလားတူပင် အရေးကြီးသော စာပိုဒ်များကို လည်း highlight ပြုလုပ်မှတ်သားထားနိုင်မည် ဖြစ်သည့်အပြင် မှတ်စုတွင် ပါရှိသည့် အကြောင်းအရာများ ကိုလည်း ၃၀၀ % အထိ ချဲ့၍ ကြည့်ရှုနိုင်မည် ဖြစ်ပြီး အဆိုပါ မှတ်စုများအားလုံးကိုလည်း PDF၊ JPEG၊ text file သို့မဟုတ် Microsoft Word Document ဖိုင်များအဖြစ်သို့ အလွယ်တကူ ပြောင်းလဲနိုင်မည် ဖြစ်သည်။

လုပ်ငန်းဆောင်တာများအား လျင်မြန်စွာ လုပ်ဆောင်ပေးနိုင်စွမ်းအပြည့်ရှိသည့် တမူထူးခြားသော တည်ဆောက်ပုံ

၁၀.၄” မျက်နှာပြင်နှင့် ပါးလွှာသော ဘေးဘောင်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့်အတွက် Galaxy Tab S6 Lite သုံးစွဲသူများသည် ကြီးမားကျယ်ပြန့်သော မျက်နှာပြင်မှတဆင့် ၎င်းတို့ကြိုက်နှစ်သက်သည့် အကြောင်းအရာများ၊ အစီအစဉ်များအား စိတ်ကျေနပ်မှု အပြည့်ဖြင့် ကြည့်ရှုခံစားသွားနိုင်မည် ဖြစ်သည်။ ကိုယ်ထည်ပိုင်းကိုလည်း ပေါ့ပါးကျစ်လစ်စွာ တည်ဆောက်ထားသည့်အတွက် လုပ်ဆောင်ချက် အများအပြားအား တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်း၊ မှတ်စုများ ရေးမှတ်ခြင်းနှင့် ဗီဒီယိုများ၊ ရုပ်ရှင်များ ကြည့်ရှုခြင်းများ အတွက် အသင့်တော်ဆုံး tablet တစ်ခုပင် ဖြစ်သည်။ ထို့အပြင် မျက်နှာပြင် ကြီးမားကျယ်ပြန့်သော tablet များအား စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ပိုမိုမြင့်မားလာစေရန် လုပ်ဆောင်ပေးနိုင်စွမ်း ရှိသည့် နောက်ဆုံးပေါ် One UI version အား ထည့်သွင်းပေးထားသည့် အတွက် Galaxy Tab S6 Lite သည် ပိုမိုအဆင့်မြင့်မားသော visual interface၊ ရိုးရှင်းထိရောက်သည့် navigation စနစ်များနှင့်အတူ သုံးစွဲသူများ စိတ်ကျေနပ်မှုအပြည့်ဖြင့် အလွယ်တကူ အသုံးပြုသွားနိုင်စေရန် လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။

အဆင့်မြှင့်တင်ထားသော ဖျော်ဖြေရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ

Galaxy Tab S6 Lite တွင် ပိုမိုအသိဉာဏ်မြင့်မားသော အဆင့်မြင့် ဖျော်ဖြေရေး လုပ်ဆောင်ချက်များ ပါရှိသည့် အတွက် သီချင်းနားထောင်ခြင်း၊ အွန်လိုင်းမှတဆင့် အကြောင်းအရာများအား ကြည့်ရှုခြင်း၊ အွန်လိုင်းမှတဆင့် ပစ္စည်းများ ဝယ်ယူခြင်း၊ သူငယ်ချင်းများနှင့် ချိတ်ဆက်ပြောဆိုခြင်းများအား အဆင်ပြေလွယ်ကူမှု အပြည့်ဖြင့် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ ထို့အပြင် Galaxy Tab S6 Lite တွင် အကောင်းမွန်ဆုံးသော အသံစနစ် ရရှိစေရန် AKG နှင့် Dolby Atmos 3D surround စနစ် ထောက်ပံ့ပေးသည့် စပီကာ ၂ လုံးကိုလည်း ထည့်သွင်း ပေးထားသည့် အတွက် သုံးစွဲသူများ အနေနှင့် YouTube မှ ဗီဒီယိုများ ကြည့်ရှုရာတွင်ဖြစ်စေ၊ ရုပ်သံအစီအစဉ်များ ကြည့်ရှုရာတွင် ဖြစ်စေ၊ သီချင်းများ နားထောင်ရာတွင် ဖြစ်စေ သူမတူသော အကောင်းမွန်ဆုံး အဆင့်မြင့် အသံ အရည်အသွေးအား ခံစားရရှိနိုင်မည် ဖြစ်သည်။

Samsung သည် YouTube နှင့်လည်း လက်တွဲလုပ်ဆောင်မှုများ ပြုလုပ်ထားသည့်အတွက် Galaxy Tab S6 Lite အသုံးပြုသူများအနေနှင့် YouTube ဗီဒီယိုများကြည့်ရှုရာတွင် ကြော်ငြာများအား ကြည့်ရှုစရာလိုတော့မည် မဟုတ်သည့်အပြင် ဗီဒီယိုများကိုလည်း offline ကြည့်ရှုနိုင်ရန် ဒေါင်းလုတ်ပြုလုပ်နိုင်မည်ဖြစ်သည်။

နေအိမ်တွင်နေထိုင်စဉ်အချိန်တွင်လည်း စိတ်ကျေနပ်မှု အပြည့်အဝ ပေးစွမ်းနိုင်မည့် အဆင့်မြင့်မားသော Galaxy အဆင့် အသုံးပြုမှု အတွေ့အကြုံ

သုံးစွဲသူများ နေအိမ်တွင် နေထိုင်သည့် အချိန်များတွင်လည်း Galaxy Tab S6 Lite သည် လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုစနစ်တကျရှိစေရန်နှင့် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်စေရန် ကူညီပေးသွားနိုင်မည် ဖြစ်သည်။ သင်၏ စမတ်ဖုန်းသည် အခြားအခန်းထဲတွင် ကျန်ရှိခဲ့သည့် အချိန်မျိုးတွင် လည်း Galaxy Tab S6 Lite တွင် ပါရှိသည့် Samsung Account မှတဆင့် စာတိုများ ပေးပို့ခြင်း၊ လက်ခံခြင်းနှင့် အဝင်ဖုန်း လက်ခံခြင်းများအား ပြုလုပ်နိုင်မည် ဖြစ်သည့်အပြင် Galaxy Tab S6 Lite တွင် ပါရှိသည့် Google Duo ဗီဒီယိုဖုန်းခေါ်ဆိုမှု လုပ်ဆောင်ချက်အား အသုံးပြု၍လည်း သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အလွယ်တကူ ချိတ်ဆက်ပြောဆိုနိုင်မည် ဖြစ်သည်။ ထို့အပြင် အဆင့်မြှင့်တင်ထားသော Daily Board Display လုပ်ဆောင်ချက်အား အသုံးပြု၍ သီချင်းနားထောင်ခြင်း၊ လုပ်ဆောင်ရမည့် အရာများ မှတ်သားထားသော ပြက္ခဒိန်အား ကြည့်ရှုခြင်း၊ ရာသီဥတု အခြေအနေ စစ်ဆေးခြင်းနှင့် မှတ်စုများအား မြန်ဆန်စွာ မှတ်သားခြင်း စသည်တို့ကို လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ Galaxy Tab S6 Lite တွင် ပါရှိသည့် Bixby လုပ်ဆောင်ချက် အသစ်များ ဖြစ်သည့် Bixby Voice၊ Bixby Vision နှင့် Bixby Routines များ ပါရှိသည့်အတွက် သုံးစွဲသူများ၏ လုပ်ဆောင်နိုင်စွမ်းအား ပိုမိုမြင့်မားလာစေမည့်အပြင် ပိုမိုကောင်းမွန်သော ဖျော်ဖြေရေးပိုင်းဆိုင်ရာ ခံစားမှုကိုလည်း ရရှိခံစားသွားနိုင်မည် ဖြစ်သည်။

ဤ Galaxy Tab S6 Lite သည် မိသားစု တစ်ခုလုံး အသုံးပြုနိုင်သော ဘက်စုံသုံး tablet တစ်ခုလည်း ဖြစ်သည်။ Samsung Kids လုပ်ဆောင်ချက် ပါဝင်သည့်အတွက် သုံးစွဲသူများအနေနှင့် ၎င်းတို့၏ ကလေးငယ်များ အတွက် နေ့စဉ် အသုံးပြုချိန် သတ်မှတ်ချက်များနှင့် အက်ပလီကေးရှင်း အသုံးပြုမှု ကန့်သတ်ချက်များအား သတ်မှတ်ပေးထားနိုင်မည် ဖြစ်သည့်အတွက် ကလေးငယ်များအား စိတ်လှုပ်ရှားစရာ၊ ပျော်ရွှင်စရာ အက်ပလီကေးရှင်းများနှင့် ဂိမ်းများမှတဆင့် မျက်မှောက်ဒီဂျစ်တယ်ခေတ်အား လုံခြုံစိတ်ချစွာ တဖြည်းဖြည်းချင်း မိတ်ဆက်ပေးသွားနိုင်မည် ဖြစ်သည်။

အကျဉ်းချုပ်ပြောရမည်ဆိုပါက ဤ Galaxy Tab S6 Lite Tablet အသစ်တွင် ထည့်သွင်းပေးထားသည့် လုပ်ဆောင်ချက်များ၊ စွမ်းဆောင်ရည်များသည် လူကြီး၊ လူငယ်မရွေး အွန်လိုင်းမှ တဆင့် ဗဟုသုတများဆည်းပူးခြင်း၊ ပညာသင်ကြားခြင်းများ ပြုလုပ်ရာတွင် လုပ်ဆောင်နိုင်စွမ်းများအား ပိုမိုမြင့်မားသွားနိုင်စေမည့် အကောင်းမွန်ဆုံးသော ရွေးချယ်မှု တစ်ခုပင် ဖြစ်သည်။

Galaxy Tab S6 Lite Tablet အသစ်အား မြန်မာနိုင်ငံတွင် စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်

လှပခန့်ညားသော Oxford Gray နှင့် Angora Blue အရောင်များဖြင့် ထွက်ရှိလာသည့် Galaxy Tab S6 Lite အား ဇွန်လ ၁၂ ရက်နေ့မှစ၍ မြန်မာနိုင်ငံ တဝန်းတွင် မြန်မာငွေကျပ် ၆၂၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် Galaxy Tab S6 Lite အား ဝယ်ယူအားပေးသူများ အနေနှင့် Samsung Book Cover ကိုလည်း (ပစ္စည်းလက်ကျန်ရှိသည်အထိ) အပိုထပ်ဆောင်း လက်ဆောင်အဖြစ် ရရှိသွားမည် ဖြစ်သည်။

အလားတူပင် Galaxy Tab S6 Lite အား ဝယ်ယူအားပေးသူများအတွက် Samsung မြန်မာ သည် ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Mytel နှင့် လက်တွဲ၍ 20 GB Mytel အင်တာနက် အစီအစဉ်နှင့် Mytel နံပါတ်အချင်းချင်း မိနစ် ၂,၀၀၀ အခမဲ့ ဖုန်းခေါ်နိုင်မည့် အစီအစဉ်များ (ရက် ၆၀ သက်တမ်း ရှိမည် ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ မတိုင်မီအထိ အသုံးပြုသွားနိုင်မည်) ကိုလည်း အပိုထပ်ဆောင်း လက်ဆောင် အဖြစ် ရရှိခံစားသွားနိုင်မည် ဖြစ်သည်။ အထက်ပါ အပိုထပ်ဆောင်း လက်ဆောင်များအပြင် Galaxy Tab S6 Lite အား ဝယ်ယူအားပေးသူများ အနေနှင့် Samsung မြန်မာမှ ပေးအပ်သည့် No-worry Crack ဝန်ဆောင်မှုကိုလည်း ရရှိခံစားသွားနိုင်မည် ဖြစ်ပြီး ဝယ်ယူပြီးသည့်နေ့မှ ၃ လအတွင်း မတော်မဆ ဖြစ်ရပ်များကြောင့် ဖုန်းမျက်နှာပြင် အရှေ့ ထိခိုက်ပျက်စီးခြင်း အတွက် ပြန်လည်ပြုပြင်ရာတွင် ပစ္စည်းဖိုးနှင့် လက်ခ ၄၀% အထိ သက်သာခွင့် တစ်ကြိမ်ကိုလည်း ရရှိခံစားသွားနိုင်မည် ဖြစ်သည်။

Source – SAMSUNG Myanmar