Zawgyi

ေတာင္ကိုရီးယားအေျခစုိက္ နည္းပညာကုမၸဏီ Samsung ရဲ႕ ထုတ္ကုန္သစ္ Galaxy Tab S6 ထြက္ရွိရက္ကေတာ့ တေျဖးေျဖးနီးကပ္လာခဲ့ပါၿပီ။ ဒီအခ်ိန္မွာ ေနာက္ထပ္ေပါက္ၾကားလာခဲ့တဲ့ အခ်က္အလက္ ကေတာ့ ဟန္းဆက္ေတြရဲ႕ အဓိက Feature တစ္ခုျဖစ္တဲ့ ဘကၳရီပါပဲ။

ထိုင္ဝမ္ႏုိင္ငံရဲ႕ အမ်ဳိးသားဆက္သြယ္ေရးေကာ္မရွင္ (NCC) အသိအမွတ္ျပဳအတြက္ တင္ထားခဲ့တဲ့ Galaxy Tab S6 ရဲ႕အခ်က္အလက္ေတြကို အြန္လိုင္းမွာျမင္ေတြ႕ခဲ့ရၿပီး ေနာက္ဆုံးေပၚ Samsung Tablet ဟာ 6,840 mAh ဘကၳရီႀကီးနဲ႔ 15W အားသြင္းစနစ္တုိ႔ ပါဝင္လာမယ္လို႔ သိခြင့္ရခဲ့ပါတယ္။ လွ်ဳိ႕ဝွက္ကုဒ္နံပါတ္ SM-T860 လို႔ေပးထားတဲ့ Tab S6 ဟာ 15W အားသြင္းစနစ္ပါဝင္တဲ့ EP-TA200 အားသြင္းႀကိဳးနဲ႔အတူ ယွဥ္တြဲကာျမင္ခဲ့ရတာပါ။

ၿပီးခဲ့တဲ့ရက္ပုိင္းေတြမွာ ထြက္ခဲ့တဲ့အခ်က္အလက္ေတြအရေတာ့ Galaxy Tab S6 မွာ 10.5” Super AMOLED Display ပါဝင္ကာ အတြင္းမွာ Snapdragon 855 ခ်စ္ပ္ဆက္အသစ္ကို အသုံးျပဳလာမွာပါ။ ေနာက္ထပ္ ထည့္ေျပာေလာက္တဲ့ Feature အသစ္ေတြက စပီကာေလးလုံး၊ Dual-camera နဲ႔ ေနာက္ဘက္မွာ S Pen ကို သံလုိက္အားျဖင့္ ခ်ိတ္ကပ္ထားႏုိင္မယ့္ ခ်ိတ္စတာေတြ ပါဝင္ပါတယ္။

Samsung ကုမၸဏီဟာ Tab S6 ကို လာမယ့္ ၾသဂုတ္ ၇ ရက္ေန႔မွာ က်င္းပမယ့္ Galaxy Unpacked ပြဲမွာ Note10 ထုတ္ကုန္အသစ္နဲ႔အတူ တစ္ခါတည္း မိတ္ဆက္လာႏုိင္ေျခရွိပါတယ္။ ဒါေပမယ့္ လကုန္မွာ IFA ပြဲလည္း ရွိေနေသးေတာ့ ရာႏႈန္းျပည့္ေတာ့ မေသခ်ာေသးပါဘူး။

Ref – GSM Arena

Unicode

တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီ Samsung ရဲ့ ထုတ်ကုန်သစ် Galaxy Tab S6 ထွက်ရှိရက်ကတော့ တဖြေးဖြေးနီးကပ်လာခဲ့ပါပြီ။ ဒီအချိန်မှာ နောက်ထပ်ပေါက်ကြားလာခဲ့တဲ့ အချက်အလက် ကတော့ ဟန်းဆက်တွေရဲ့ အဓိက Feature တစ်ခုဖြစ်တဲ့ ဘက္ထရီပါပဲ။

ထိုင်ဝမ်နိုင်ငံရဲ့ အမျိုးသားဆက်သွယ်ရေးကော်မရှင် (NCC) အသိအမှတ်ပြုအတွက် တင်ထားခဲ့တဲ့ Galaxy Tab S6 ရဲ့အချက်အလက်တွေကို အွန်လိုင်းမှာမြင်တွေ့ခဲ့ရပြီး နောက်ဆုံးပေါ် Samsung Tablet ဟာ 6,840 mAh ဘက္ထရီကြီးနဲ့ 15W အားသွင်းစနစ်တို့ ပါဝင်လာမယ်လို့ သိခွင့်ရခဲ့ပါတယ်။ လျှို့ဝှက်ကုဒ်နံပါတ် SM-T860 လို့ပေးထားတဲ့ Tab S6 ဟာ 15W အားသွင်းစနစ်ပါဝင်တဲ့ EP-TA200 အားသွင်းကြိုးနဲ့အတူ ယှဉ်တွဲကာမြင်ခဲ့ရတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ထွက်ခဲ့တဲ့အချက်အလက်တွေအရတော့ Galaxy Tab S6 မှာ 10.5” Super AMOLED Display ပါဝင်ကာ အတွင်းမှာ Snapdragon 855 ချစ်ပ်ဆက်အသစ်ကို အသုံးပြုလာမှာပါ။ နောက်ထပ် ထည့်ပြောလောက်တဲ့ Feature အသစ်တွေက စပီကာလေးလုံး၊ Dual-camera နဲ့ နောက်ဘက်မှာ S Pen ကို သံလိုက်အားဖြင့် ချိတ်ကပ်ထားနိုင်မယ့် ချိတ်စတာတွေ ပါဝင်ပါတယ်။

Samsung ကုမ္ပဏီဟာ Tab S6 ကို လာမယ့် သြဂုတ် ၇ ရက်နေ့မှာ ကျင်းပမယ့် Galaxy Unpacked ပွဲမှာ Note10 ထုတ်ကုန်အသစ်နဲ့အတူ တစ်ခါတည်း မိတ်ဆက်လာနိုင်ခြေရှိပါတယ်။ ဒါပေမယ့် လကုန်မှာ IFA ပွဲလည်း ရှိနေသေးတော့ ရာနှုန်းပြည့်တော့ မသေချာသေးပါဘူး။

Ref – GSM Arena