Samsung နောက်ထုတ်မယ့် Galaxy Tab S7 ကို တရုတ်က 3C မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က EB-BT875ABY ဖြစ်ပါတယ်။ 3C မှာ ဘက်ထရီ သတင်းအချက်အလက်ကို ဖော်ပြထားပြီး 7,760mAh ပါလာမှာ ဖြစ်ပါတယ်။ Tab S6 ရဲ့ 7,040mAh ဘက်ထရီထက် ပိုကောင်းလာမှာ ဖြစ်ပြီး Tab S7 မှာ ၁၁ လက်မ AMOLED မျက်နှာပြင်ထည့်သွင်းထားမယ်လို့ ထင်ရပါတယ်။ 5G ထောက်ပံ့တဲ့ Snapdragon 865 Chipset မောင်းနှင်ထားနိုင်ပါတယ်။

ဒါ့အပြင် Samsung က Tab S7+ ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး ၁၂.၃ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အဲဒီ Plus Version ကို Bluetooth SIG မှာ မှတ်ပုံတင်ထားပြီး မော်ဒယ်နံပါတ်က SM-T976B ဖြစ်ပါတယ်။ အဲဒီ တက်ဘလက်ရဲ့ နာမည်နဲ့ Bluetooth 5.0 ဆက်သွယ်မှု ပါမယ်ဆိုတာကို အဲဒီမှာ ဖော်ပြထားပါတယ်။ Tab S7+ မှာ 9,800mAh ဘက်ထရီ ပါမယ်လို့ သတင်းထွက်နေပါတယ်။

အရင်သတင်းတွေအရ Galaxy Tab S7 Series ရဲ့ အမေရိကန်နဲ့ ဥရောပ မော်ဒယ်တွေမှာ 5G ထောက်ပံ့မှု ပါမယ်လို့ သိခဲ့ရပါတယ်။ အဲဒီ တက်ဘလက်တွေကို ဇူလိုင်လမှာ ကြေညာမယ်လို့ ထင်ရပြီး မိတ်ဆက်ပွဲ မတိုင်ခင် သတင်းအချက်အလက်တွေ ပိုသိလာရနိုင်ပါတယ်။

Ref : gsmarena