လွန်ခဲ့တဲ့ လေးရက်တုန်းက Samsung Galaxy Tab S7 ရဲ့ Render ပုံတွေထွက်လာလို့ အဲ့ဒီ Tablet ရဲ့ ပုံစံကို သိခဲ့ကြရပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်ကတော့ Samsung Galaxy Tab S7+ ကို Geekbench မှာတွေ့ခဲ့ပြီး သူ့ရဲ့ အဓိက Specs အချို့ ကိုလည်း သိခဲ့ရပါတယ်။

အခုတော့ Galaxy Tab S7 အလှည့်ပါ။ Tab S7 ကို Geekbench မှာတွေ့မြင်ကြရပါပြီ။ ပိုပြီးကျစ်လျစ်သိပ်သည်းတဲ့ ညီနောင်လို့ ဆိုရမှာပါ။ Geekbench မှာ မော်ဒယ်နံပါတ် Samsung SM-1870 နဲ့တွေ့ရတာဖြစ်ပြီး Snigle-Core ရမှတ်က 4,509 မှတ်ဖြစ်ပြီး Multi-Core ရမှတ်က 12,945 မှတ် ဖြစ်ပါတယ်။

Galaxy Tab S7 ရဲ့ Single-Core ရမှတ်ဟာ Tab S7+ ထက်တောင် များနေတာကိုတွေ့ရပါတယ်။ Multi-Core ရမှတ်မှာတော့ Tab S7+ ထက်နည်းသွားတယ်ဆိုပေမယ့် အပြတ်အသတ်မဟုတ်ဘဲ မတိမ်းမယိမ်းလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် Galaxy Tab S7 ဟာ Tab S7+ နဲ့ စွမ်းဆောင်ရည်ချင်း သိပ်ပြီမကွာခြားဘူးလို့ မျှော်လင့်ရပါတယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ Galaxy Tab S7 ဟာ Snapdragon 865 Chipset ကို အသုံးပြုထားတာဖြစ်ပြီး 6GB of RAM နဲ့ တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။ Android 10 မောင်းနှင်ထားပြီး 5G လည်း ထောက်ပံ့ပေးပါတယ်။ 11-inch 120Hz AMOLED display နဲ့ဖြစ်ပြီး ဘက်ထရီကတော့ 7,760mAh ပမာဏဖြစ်ပါတယ်။

Ref: GSM Arena