Samsung ကနေ မကြာခင်မှာ Galaxy Tab S7 နဲ့ Tab S7+ ဆိုပြီး Flagship Tablet အသစ်တွေကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။ Galaxy Tab S7+ ဟာ Samsung အတွက် Screen Size အကြီးဆုံးနဲ့ အကောင်းဆုံး Tablet တစ်လုံးဖြစ်လာမှာဖြစ်ပြီး Galaxy Tab S7 ကတော့ မနှစ်တုန်းက Galaxy Tab S6 ကို အဆင့်မြှင့်တင်ထားတဲ့ Tablet တစ်လုံးဖြစ်လာမှာပါ။

အခုအချိန်မှာတော့ Samsung Galaxy Tab S7 ရဲ့ Render ဓါတ်ပုံတွေကို နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ Evan Blass ကနေ ဖော်ပြလိုက်ပါပြီ။ အဆိုပါ Galaxy Tab S7 ဟာ 11″ QHD+ Super AMOLED Display ကိုအသုံးပြုလာမှာဖြစ်ပါတယ်။ Performance ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 865+ Chipset နဲ့ RAM 6GB + 128GB သို့မဟုတ် RAM 8GB + 256GB Storage ဆိုပြီး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Galaxy Tab S7+ လိုမျိုးပဲ 13MP Primary Sensor + 5MP Depth Sensor ပါဝင်တဲ့ Dual Back Camera Setup ကို အသုံးပြုလာမှာဖြစ်ပြီး Front Selfie Camera အနေနဲ့ကတော့ 8MP Sensor ကို ထည့်သွင်းထားမှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ 7760mAh Battery ပါဝင်မှာဖြစ်ပြီး 15W Charging ကိုပဲ Support ပြုလုပ်မယ်လို့ သိရပါတယ်။

Software ပိုင်းအနေနဲ့ကတော့ Android 10 ကိုအခြေခံထားတဲ့ OneUI 2.5 နဲ့ ထွက်ရှိလာမှာဖြစ်ပြီး Stereo Speaker Setup လည်းပါဝင်မှာဖြစ်ပါတယ်။ Galaxy Tab S7+ နဲ့ နောက်ထပ်ကွာခြားတဲ့အချက်ကတော့ 5G Support ပါဝင်မှာမဟုတ်ဘဲ Wi-Fi Only သို့မဟုတ် LTE အနေနဲ့ပဲ ရွေးချယ်နိုင်မှာပါ။

Galaxy Tab S7+ အနေနဲ့ကတော့ ပိုမိုကြီးမားတဲ့ 12.4″ QHD+ Super AMOLED Display ပါဝင်မှာဖြစ်သလို 10090mAh Battery နဲ့ 45W Fast Charging တွေကို Support ပြုလုပ်မှာဖြစ်ပါတယ်။ ကျန်တဲ့ Performance ပိုင်းနဲ့ Camera ပိုင်းတွေမှာတော့ Galaxy Tab S7 နဲ့အတူတူပဲလို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Tab S7 Series အကုန်လုံးမှာ Keyboard Type Cover အပြင် S Pen Support ရရှိမှာဖြစ်ပါတယ်။

Ref – Phone Arena