Samsung ကနေ မကြာခင်မှာ Galaxy Note 20 Series စမတ်ဖုန်းတွေအပြင် Flagship Android Tablet တွေဖြစ်တဲ့ Galaxy Tab S7 Series ကိုပါ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ယခုနှစ်မှာ ပုံမှန် Galaxy Tab S7 အပြင် Screen Size ပိုကြီးမားတဲ့ Galaxy Tab S7+ ကိုပါ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

အခုအချိန်မှာ Galaxy Tab S7+ ရဲ့ Specification အသေးစိတ်ကို SamMobile Website ကနေ ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ဖော်ပြချက်အရ Galaxy Tab S7+ ဟာ Qualcomm Snapdragon 865+ Chipset ကိုအသုံးပြုလာမှာဖြစ်ပြီး Sub-6GHz 5G Network ကိုပါ Support ပြုလုပ်လာမှာဖြစ်ပါတယ်။ RAM နဲ့ Storage အနေနဲ့ကတော့ RAM 6GB + 128GB Storage နဲ့ RAM 8GB + 256GB Storage ဆိုပြီး ရွေးချယ်နိုင်မှာပါ။

Display အနေနဲ့ကတော့ 12.4″ ရှိတဲ့ Super AMOLED Display ကိုအသုံးပြုလာမှာဖြစ်ပြီး Resolution အနေနဲ့လည်း Quad HD+ လို့ပြောရမယ့် 2800×1752 Pixel ရှိမယ်လို့ သိရပါတယ်။ ယခင် Galaxy Tab S Series တွေလိုမျိုးပဲ S Pen လည်း ပါဝင်မှာဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ အစောပိုင်းသတင်းတွေထွက်ရှိထားသလိုမျိုးပဲ 10,090mAh Battery ပါဝင်မှာဖြစ်ပြီး Fast Charging အနေနဲ့လည်း 45W USB-PD Fast Charging ကို Support ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒါက Galaxy Tab S7+ မှာ အတည်ပြုနိုင်ပြီဖြစ်ပေမယ့် ပုံမှန် Galaxy Tab S7 မှာရော အလားတူ 45W Fast Charging ပါဝင်လာပါ့မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ 13MP + 5MP Back Camera တွေအပြင် Selfie Camera ကိုလည်း 8MP Sensor ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။ Software ပိုင်းအနေနဲ့ Android 10 ကိုပဲ အသုံးပြုလာမှာဖြစ်ပေမယ့် OneUI 2.5 အသစ်ကို အဆင့်မြှင့်တင်လာမှာဖြစ်ပါတယ်။ Fingerprint Sensor အနေနဲ့ကတော့ In-Display နည်းပညာကိုပဲ အသုံးပြုသွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy Tab S7+ ဟာ Android Flagship Tablet ကို စောင့်နေတဲ့သူတွေအတွက်ကတော့ ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါ။

Ref – GSM Arena