ဒီဇင်ဘာလရဲ့ ပထမဆုံးရက်သတ္တပတ်မှာပဲ Samsung Galaxy Tab S8 သုံးမျိုးလုံးရဲ့ တရားဝင် Renders တွေပေါ်ထွက်လာခဲ့ပါတယ်။ အခုတော့ Galaxy Tab S8+ ကို Snapdragon 8 Gen 1 နဲ့အတူ Geekbench ပေါ်မှာတွေ့မြင်လာရပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လေးလလောက်တုန်းကတော့ Galaxy Tab S8 တွေအားလုံးမှာ Snapdragon 898 သုံးလာနိုင်တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလလယ်တုန်းက Galaxy Tab S8 Ultra ကို Snapdragon 8 Gen 1 နဲ့အတူ Geekbench မှာတွေ့မြင်ခဲ့ရပြီးတဲ့နောက် ကျန်မျိုးကွဲတွေကိုလည်း အလားတူ SD ပဲသုံးလာနိုင်တယ်လို့ ယုံကြည်စောင့်မျှော်ခဲ့ကြရပါတယ်။

Galaxy Tab S8+ ဟာ မော်ဒယ်နံပါတ် SM-X808U identifier နဲ့ဖြစ်ပြီး Single-core ရမှတ် 1,223 နဲ့ Multi-core ရမှတ် 3,195 ရရှိထားတာကို တွေ့မြင်ရပါတယ်။ အခြားအချက်အလက်အဖြစ် Device မှာ 8GB RAM ကို ထောက်ပံ့ထားတာတွေ့ရပြီး Android 12, One UI 4 နဲ့ စတင်ပွဲထွက်လာမယ်ဆိုတာကိုလည်း တွေ့မြင်ရပါတယ်။

မကြာခင်က ထွက်ပေါ်ထားတဲ့ Renders အရ Galaxy Tab S8+ ဟာ 12.4-inch အရွယ်အစား 120Hz AMOLED panel နဲ့ ဖြစ်တယ်လို့ သိရပါတယ်။ ဘက်ထရီပိုင်းမှာတော့ 10,090 mAh ပမာဏကို ထောက်ပံ့လာမယ်လို့ မျှော်လင့်ရပါတယ်။ Tab S8+ ဟာ သူ့ရဲ့မိသားစုဝင်တွေထဲမှာ အလယ်အလတ်ဖြစ်ပြီး 11-inch vanilla Tab S8 နဲ့ 14.6-inch Tab S3 (High-end) တို့ကြားက အကောင်းဆုံးရွေးချယ်စရာ ဖြစ်လာပါလိမ့်မယ်။

Ref: GSM Arena