အသစ်မိတ်ဆက်လိုက်သည့် Samsung Galaxy Tab S8 Series တွင် အမြင့်မားဆုံး‌သော စွမ်းဆောင်ရည်၊ အခြားသော နည်းပညာထုတ်ကုန်များနှင့် အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်သော ဂေဟစနစ်နှင့်အတူ အချိန်မရွေး၊ နေရာမရွေး လွယ်ကူလျင်မြန်စွာနှင့် အကောင်းမွန်ဆုံးသော အသုံးပြုမှု အတွေ့အကြုံများကို ပေးအပ်နိုင်မည့် နည်းပညာများ၊ လုပ်ဆောင်ချက်များအား ထည့်သွင်းတည်ဆောက်ပေးထားသည်။ တက်ဘလက် မော်ဒယ် ၃ မျိုးစလုံးအား Snapdragon 8 Gen 1 နှင့် စွမ်းဆောင်ရည်မြင့် မျိုးဆက်သစ် super-fast 4nm processor များဖြင့် ဖန်တီးပုံဖော် ပေးထားသည့်အတွက် များစွာသော လုပ်ဆောင်ချက်များအား တစ်ချိန်တည်းမှာပင် အဆင်ပြေ လွယ်ကူမှု အရှိဆုံး ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။ Galaxy Tab S8 Ultra, Galaxy Tab S8+ နှင့် Galaxy Tab S8 မော်ဒယ် ၃ မျိုးလုံးတွင် အဆင့်မြှင့်တင်ထားသော S Pen အား ထည့်သွင်းပေးထားသည့်အတွက် latency မရှိသလောက်ဖြင့် စာရေးသားခြင်းများ၊ ပုံဆွဲခြင်းများအား လုပ်ဆောင်နိုင်မည် ဖြစ်သည်။

12 MP Ultra-wide ရှေ့ကင်မရာများ၊ 4K resolution ဗီဒီယို ဖုန်းခေါ်ဆိုမှုများအား လုပ်ဆောင်နိုင်မှု၊ နည်းပညာမြင့် ဆူညံသံလျှော့ချမှုနည်းပညာ ပါဝင်သည့် မိုက်ကရိုဖုန်း ၃ လုံးနှင့် auto-framing လုပ်ဆောင်ချက်များ ပါရှိသည့်အတွက်လည်း video conferencing အစရှိသည့် ဆောင်ရွက်ချက်များကို လုပ်ဆောင်သည့်အခါတွင် ပိုမိုကောင်းမွန်သော အသုံးပြုမှု အတွေ့အကြုံများအား ခံစားရရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် လိုအပ်သည့်အခါတွင်လည်း အခြားသော မော်နီတာတစ်လုံးနှင့် ချိတ်ဆက်၍ လုပ်ဆောင်ချက် အများအပြားအား တစ်ပြိုင်နက်တည်း လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။

Galaxy Tab S8 Series များတွင် Super AMOLED မျက်နှာပြင် (Galaxy Tab S8 Ultra – 14.6”, Galaxy Tab S8+ – 12.4”), TFT မျက်နှာပြင် (Galaxy Tab S8 – 11”) နှင့် 120 Hz refresh rate ပါရှိသည့်အတွက် ပြိုင်ဖက်ကင်းသော အသုံးပြုမှု အတွေ့အကြုံများအား ရရှိခံစားရမည် ဖြစ်သည့် အပြင် တစ်နေ့တာလုံး ပူပန်စရာမရှိ အသုံးပြုနိုင်မည့် ဉာဏ်ရည်မြင့် ဘက်ထရီ (Galaxy Tab S8 Ultra – 11,200 mAh, Galaxy Tab S8+ – 10,900 mAh, Galaxy Tab S8 – 8,000 mAh) နှင့် 45W Super-Fast Charging အားသွင်းစနစ်များလည်း ပါရှိသည့်အတွက် ဂိမ်းကစားရာတွင်ဖြစ်စေ၊ လုပ်ဆောင်ချက် အများအပြားအား တစ်ချိန်တည်း ဆောင်ရွက်ရာတွင် ဖြစ်စေ အမြင့်မားဆုံး စွမ်းဆောင်ရည်များကို ပေးစွမ်းသွားနိုင်မည် ဖြစ်သည်။

Galaxy Tab S8 Series ၏ Pre-order အစီအစဥ်

Samsung Myanmar မှ Galaxy သက်တမ်းတလျောက် စွမ်းရည်အမြင့်မားဆုံး လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားသည့် Galaxy Tab S8 စီးရီးသစ်အား ၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ကြိုတင်မှာယူမှုများ စတင်လက်ခံသွားမည် ဖြစ်သည်။

Samsung ချစ်သူများ ပိုမိုအဆင်ပြေလွယ်ကူစေရန် Samsung Myanmar မှ ၁၀၀ ရာခိုင်နှုန်း ဘဏ်ငွေပေးချေမှု ဝန်ဆောင်မှုအပြင် အတိုးပေးရန်မလိုဘဲ ၆-လ တိအရစ်ကျငွေပေးချေမှုစနစ်အား CB Bank credit card နှင့် ၁၂-လ တိ အရစ်ကျငွေပေးချေမှုစနစ်အား KBZPay Shopper Loan တို့နှင့် ချိတ်ဆက်ကာ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ကြိုတင်မှာယူသူများသည် ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ အားပေးသွင်းပြီး ၎င်းတို့၏ တက်ဘလက်အသစ်များအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၆ ရက်နေ့အတွင်း မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများတွင် လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးသွင်း၍ သွားရောက်ထုတ်ယူနိုင်ပါသည်။ ကြိုတင်မှာယူထားသူများအနေနှင့် Samsung Myanmar မှပေးအပ်သော အောက်ပါ အပိုထပ်ဆောင်း လက်ဆောင်များကိုလည်း အသီးသီး ရရှိသွားမည် ဖြစ်သည်။ (ပစ္စည်းလက်ကျန်ရှိသည်အထိသာ)
– Galaxy Tab S8 Ultra အား ကြိုတင်မှာယူသူများအတွက် Key board Cover
– Galaxy Tab S8+ နှင့် Galaxy Tab S8 အား ကြိုတင်မှာယူသူများအတွက် Note view Cover နှင့် Galaxy Fit2

No-worry Crack ဝန်ဆောင်မှု

ထို့အပြင် Galaxy Tab S8 Series အသစ်အား ဝယ်ယူအားပေးသည့် customer များသည် No Worry Crack ဝန်ဆောင်မှုအဖြစ် ရှေ့မျက်နှာပြင် ထိခိုက်ပျက်စီးမှုပြုပြင်ရာတွင် ပစ္စည်းဖိုးနှင့် လက်ခ ၅၀% သက်သာခွင့်တစ်ကြိမ် (သို့မဟုတ်) အနောက်မျက်နှာပြင် ထိခိုက်ပျက်စီးမှု အတွက် ပစ္စည်းဖိုးနှင့်လက်ခ ၁၀၀% သက်သာခွင့်တစ်ကြိမ်အား (၂၀၂၂ ခုနှစ်၊ ၁ရက်၊ ဧပြီလမှ တစ်နှစ်တိတိ) အကျိုးခံစားခွင့် ရရှိနိုင်မည်။

လက်ရှိကိုင်ဆောင်ထားသော စမတ်ဖုန်းများ၊အခြားတက်ဘလက်အမျိုးအစားများ ဖြင့်လဲလှယ်ခြင်း အစီအစဉ်

Galaxy S21 စီးရီး၊ Note 20 စီးရီးနှင့် Foldable စမတ်ဖုန်းများအပြင် Galaxy Tab S7၊ Tab S6 သာမက၊ အခြားတက်ဘလက်အမျိုးအစားများအား ကိုင်ဆောင်ထားသူများအနေနှင့် လိုအပ်သော ငွေကြေးပမာဏကိုသာ ထပ်မံစိုက်ထည့်၍ မိတ်ဆက်ခဲ့သည့် မျိုးဆက်သစ် Tab S8 Series များနှင့် လဲလှယ်ဝယ်ယူနိုင်ရန်အတွက်လည်း Samsung Myanmar မှ စီစဉ်ပေးထားသည်။ (အရေအတွက်အကန့်အသတ်ဖြင့်သာ) ထို့အပြင် ထိုသို့လဲလှယ် ဝယ်ယူမှုများအတွက် ထပ်ဆောင်း လက်ဆောင်အနေနှင့် Tab S8 Ultra အတွက် အပိုလက်ဆောင် မြန်မာငွေကျပ် ၃၀၀,၀၀၀ (ပထမဆုံးမှာယူမှု ၁၀ ယောက်သာ)၊ Tab S8+ အား မြန်မာငွေကျပ် ၂၀၀,၀၀၀ (ပထမဆုံးမှာယူမှု ၃၀ ယောက်သာ) နှင့် Tab S8 အား မြန်မာငွေကျပ် ၁၀၀,၀၀၀ (ပထမဆုံးမှာယူမှု ၅၀ ယောက်သာ) တို့ကိုလည်း ထပ်မံ၍ ပေးအပ်သွားမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Samsung Contact Center 01-2399888 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။

Press Release of Samsung