Samsung Galaxy Tab S8+ ကို Geekbench မှာ တွေ့ခဲ့ရပြီး ၁ ပတ်အကြာမှာ Tab S8 Series ထဲမှာ စွမ်းရည် အမြင့်မားဆုံး ဖြစ်တဲ့ Galaxy Tab S8 Ultra ဟာ Geekbench ကို ရောက်လာပါပြီ။ အဲဒီမှာ Galaxy Tab S8 Ultra ရဲ့ မော်ဒယ်နံပါတ်ဟာ SM-X906N ဖြစ်ပြီး တောင်ကိုရီးယားအတွက် မော်ဒယ် ဖြစ်မယ်လို့ ထင်ရပါတယ်။

အဲဒီတက်ဘလက်မှာ Galaxy Tab S8+ မှာလိုပဲ တူညီတဲ့ “Taro” Chipset မောင်းနှင်ထားပြီး အခုနောက်ဆုံးထွက်လာတဲ့ သတင်းတွေအရ ဈေးကွက်ထဲမှာ “Snapdragon 8 Gen 1” အမည်နဲ့ ဖြန့်ချိမှာ ဖြစ်ပါတယ်။ အရင်က သတင်းထွက်ခဲ့သလို Snapdragon 898 Chipset မပါလာဘူးလို့ Geekbench က ဒေတာတွေအရ သိရပါတယ်။

Galaxy Tab S8 Ultra မှာ Android 12 မောင်းနှင်ထားပြီး 8GB RAM ထည့်သွင်းထားတာကို Geekbench မှာ တွေ့ရပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ ၁၄.၆ လက်မ OLED မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။ 8/128GB နဲ့ 12/512GB Configuration ၂ မျိုး ထုတ်လုပ်ထားနိုင်ပြီး အလေးချိန်က ၆၅၀ ဂရမ် ဖြစ်နိုင်ပါတယ်။ 45W Fast Charging ထောက်ပံ့တဲ့ 12,000mAh ဘက်ထရီ တပ်ဆင်ထားနိုင်ပါတယ်။

Galaxy Tab S8 Series ကို Samsung က ကြေညာဖို့ အဆင်သင့် ဖြစ်နေပြီလို့ ထင်ရပါတယ်။ Samsung က ကြေညာမယ့် နေ့ကို မပြောသေးပေမယ့် နောက်နှစ် ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီလမှာ မိတ်ဆက်နိုင်ပါတယ်။

Ref : gsmarena