Samsung Galaxy Tab S9 Series ကို ဒီနှစ်ထဲ ကြေညာမှာ ဖြစ်ပြီး မကြာခဏသတင်းပေါက်ကြားနေတဲ့အတွက် မိတ်ဆက်ပွဲ နီးနေပါပြီ။ အခုတော့ Galaxy Tab S9+ ကို Geekbench မှာ တွေ့လာရပြီ ဖြစ်ပါတယ်။

Alleged Galaxy Tab S9+ Geekbench listing

Galaxy Tab S9+ ဟာ S9 နဲ့ S9 Ultra ကြားမှာ ရှိမှာ ဖြစ်ပြီး Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

Geekbench က စာရင်းအရ Galaxy Tab S9+ မှာ 12GB RAM နဲ့ 256GB Storage ထည့်သွင်းထားပြီး Android 13 မောင်းနှင်ထားပါတယ်။

Here's the Samsung Galaxy Tab S9+ in some leaked renders - GSMArena.com news

ဒီလ အစောပိုင်းက Galaxy Tab S9+ ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားခဲ့ပြီး 12.4” 1752x2800p မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ လက်ဗွေရာ ကိရိယာပါလာမှာ ဖြစ်ပြီး စပီကာ ၄ လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အနောက်ကင်မရာ ၂ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး S Pen Support ပါလာမှာ ဖြစ်ပါတယ်။ တက်ဘလက် အနောက်ဘက်မှာ S Pen ကို သံလိုက်နဲ့ ကပ်ထားနိုင်မှာ ဖြစ်ပါတယ်။

45W Wired Charging နဲ့ USB-C 3.2 Port ပါလာမှာ ဖြစ်ပြီး အနောက်ကင်မရာတွေဟာ Galaxy S23 Series စတိုင် ဖြစ်ပါတယ်။ အရှေ့ ကင်မရာ ၂ လုံး ပါလာနိုင်ပြီး IP67 စံနှုန်း ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena