Samsung က ဇူလိုင်လမှာ Galaxy Watch 3 ကို ကြေညာမယ်လို့ ထင်ပါတယ်။ ဒီတစ်ပတ် အစောပိုင်းက အဲဒီ စမတ်နာရီရဲ့ ဓါတ်ပုံတွေ ထွက်လာခဲ့ပြီး အခုတော့ အရည်အသွေး ပိုမြင့်တဲ့ ဓါတ်ပုံတွေထွက်လာပါတယ်။ အနက်နဲ့ ကြေးနီရောင် ၂ မျိုး တွေ့ရပြီး ကြေးနီရောင်ဟာ နှင်းဆီရွှေရောင်နဲ့လည်း တူပါတယ်။ ကြေးနီရောင်မော်ဒယ်ဟာ ၄၁ မီလီမီတာ အရွယ်အစားနဲ့ အနက်ရောင် မော်ဒယ်ဟာ ၄၅ မီလီမီတာ အရွယ်အစား ရှိပါတယ်။

ဒုတိယ ဓါတ်ပုံက Watch Face မှာ  Wed 22 ရက်စွဲကို ဖော်ပြထားတဲ့အတွက် Samsung ဟာ ဇူလိုင်လ ၂၂ ရက်နေ့ (Wednesday) မှာ ကြေညာနိုင်ပါတယ်။ အရင်သတင်းတွေအရ Galaxy Watch 3 မှာ Stainless Steel or Titanium ကိုယ်ထည်တွေ တပ်ဆင်ထားမှာ ဖြစ်ပြီး Gorilla Glass DX နဲ့ ကာကွယ်ထားမှာပါ။ Rotating Bezel ပါလာမှာ ဖြစ်ပြီး MIL-STD-810G နဲ့ IP68 စံနှုန်းတွေ ပါတဲ့အတွက် ရေစိုခံသလို ကြံ့ခိုင်မာကျောမှာ ဖြစ်ပါတယ်။

၄၁ မီလီမီတာ မော်ဒယ်မှာ 247mAh ဘက်ထရီနဲ့ ၁.၂ လက်မ မျက်နှာပြင် ၊ ၄၅ မီလီမီတာ မော်ဒယ်မှာ 340mAh ဘက်ထရီနဲ့ ၁.၄ လက်မ မျက်နှာပြင် ပါလာမှာ ဖြစ်ပါတယ်။ ကြိုးမဲ့အားသွင်း စနစ် ထောက်ပံ့ထားမှာပါ။   နှလုံးခုန်နှုန်း ၊ သွေးတွင်း အောက်ဆီဂျင် ပမာဏနဲ့ အိပ်စက်မှုကို တိုင်းတာပေးတဲ့ ဆန်ဆာတွေ ထည့်သွင်းထားမှာ ဖြစ်ပြီး Tizen OS 5.5 မောင်းနှင်ထားမှာပါ။ 1GB RAM နဲ့ 8GB Storage ပါလာမှာ ဖြစ်ပြီး LTE, GPS, NFC, Wi-Fi,  Bluetooth ထောက်ပံ့ထားမှာပါ။

Ref : gizmochina