Samsung Galaxy Watch 3 Series ရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံများစွာ ပေါက်ကြားထွက်ပေါ်ခဲ့ပြီးပြီ ဖြစ်ပြီး အခုတော့ Samsung India ရဲ့ ဝက်ဘ်ဆိုက်မှာ Galaxy Watch 3 ရဲ့ Support Page ကို တင်ထားပြီ ဖြစ်ပါတယ်။ အဲဒီအတွက် မကြာခင်မှာ ကြေညာတော့မယ်လို့ ယူဆရပါတယ်။

Support Page မှာ SM-R845F နဲ့ SM-R850 မော်ဒယ်နံပါတ် ၂ ခုကိုတွေ့ရပြီး နှိုင်းယှဉ်ရရင် Galaxy Watch Active2 ရဲ့ မော်ဒယ်နံပါတ်တွေဟာ SM-R825F နဲ့ SM-R835F တို့ ဖြစ်ပါတယ်။ Evan Blass က Samsung Galaxy Watch 3 Series အတွက် မတူညီတဲ့ Configuration ၉ ခု ထုတ်လုပ်ထားမယ်လို့ သတင်းပေးထားပါတယ်။

အရင်သတင်းတွေအရ ၄၁ နဲ့ ၄၅ မီလီမီတာ အရွယ်အစား ၂ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ ၄၅ မီလီမီတာ Samsung Galaxy Watch 3  မှာ ၁.၄ လက်မ မျက်နှာပြင်နဲ့ 340mAh ဘက်ထရီ၊ ၄၁ မီလီမီတာ မော်ဒယ်မှာ ၁.၂ လက်မ မျက်နှာပြင်နဲ့ 247mAh ဘက်ထရီတွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ ၂ လုံးစလုံးမှာ GPS, Gorilla Glass DX Protection နဲ့ MIL-STD-810G စံနှုန်းတွေ ပါလာမှာပါ။ ရေအနက် ၅၀ မီတာ အထိ ဝတ်ဆင်နိုင်မှာ ဖြစ်ပြီး ဒီလ ဒါမှမဟုတ် ဩဂုတ်လမှာ Galaxy Note20 နဲ့အတူ ကြေညာနိုင်ပါတယ်။

Ref : gsmarena