Samsung က ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ Galaxy Watch 4 ကို တစ်ကမ္ဘာလုံးမှာ ဖြန့်ချိပေးခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက အဲဒီ စမတ်နာရီအတွက် Software Update ကို ဖြန့်ချိပေးလိုက်ပြီး System တည်ငြိမ်မှု ပိုကောင်းလာကာ နောက်ဆုံးထုတ် Security Patch ထည့်သွင်းထားပါတယ်။ Samsung ဟာ Galaxy Watch 4 အတွက် ရိုးရိုးနဲ့ Classic Version တွေထုတ်လုပ်ပေးထားပြီး Google WearOS ထည့်ထားပါတယ်။

Samsung Galaxy Watch 4 update changelog

Reddit User တချို့က နောက်ဆုံးထုတ် Software Update ရဲ့ Firmware Version ဟာ R8x0XXU1FVD4 ဖြစ်ပြီး အရွယ်အစားက 100MB ရှိတယ်လို့ ပြောပါတယ်။ လက်ရှိမှာ Update ကို အမေရိကန်မှာ ဖြန့်ချိပေးထားပြီး တခြားနိုင်ငံတွေအတွက် လာမယ့် ရက်ပိုင်းအတွင်း ထုတ်လုပ်ပေးနိုင်ပါတယ်။ Update ရဲ့ Changelog မှာ System တည်ငြိမ်မှု ပိုကောင်းလာတယ်လို့ ပြောထားပြီး Update ရပြီးနောက်မှာ ဘယ်လို လုပ်ဆောင်ချက်တွေပါလာမလဲ ဆိုတာ မသိရသေးပါဘူး။

Samsung Galaxy Watch4 and Watch4 Classic Review (2021): Winds of Change | WIRED

Samsung Galaxy Watch 4 အတွက် ၄၀ နဲ့ ၄၄ မီလီမီတာ အရွယ်အစားတွေ ထုတ်လုပ်ပေးထားပြီး အလူမီနီယမ်နဲ့ တည်ဆောက်ထားပါတယ်။ sAMOLED မျက်နှာပြင် ပါလာပြီး ၁.၄ လက်မနဲ့ ၁.၂ လက်မ မျက်နှာပြင် အရွယ်အစားတွေ ထုတ်လုပ်ပေးထားပါတယ်။ ညာဘက်မှာ Physical Button ၂ ခု တပ်ဆင်ထားပြီး Gorilla Glass DX နဲ့ ကာကွယ်ထားပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်တဲ့ IP68 စံနှုန်း ပါပါတယ်။

နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ၊ အိပ်စက်မှုနဲ့ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကို တိုင်းတာတွက်ချက်ပေးနိုင်ပြီး GPS ပါသလို လေ့ကျင့်ခန်း အမျိုးအစား ၉၀ ကို ထောက်ပံ့ပေးပါတယ်။ Exynos W920 Processor ၊ 1.5GB RAM နဲ့ 16GB Storage ထည့်သွင်းထားပြီး ၄၀ နဲ့ ၄၄ မီလီမီတာ အရွယ်အစားတွေအတွက် 361mAh နဲ့ 247mAh ဘက်ထရီတွေ အသီးသီး ပါလာပါတယ်။

Ref : gizmochina