Zawgyi






Ref – Phone Arena

Unicode

Samsung ကနေ လာမယ့် သြဂုတ် ၇ ရက်နေ့မှာ ဒီနှစ်အတွက် Flagship ဖုန်းတစ်ခုဖြစ်တဲ့ Samsung Galaxy Note 10 စမတ်ဖုန်းတွေကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ အခု Galaxy Note 10 စမတ်ဖုန်းအပြင် နောက်ထပ် Galaxy Watch Active 2 Smartwatch လည်း အတူမိတ်ဆက်လာဖို့ သတင်းတွေထွက်ပေါ်နေပြီး အခုအချိန်မှာတော့ ကျိန်းသေသွားပြီလို့တောင် ပြောလို့ရပါတယ်။

ဘာကြောင့်လဲဆိုရင် လက်ရှိစမတ်ဖုန်းတွေနဲ့ ပတ်သတ်ပြီး တိကျတဲ့သတင်းတွေကို ထုတ်ပြောနေကြ EV Leaks တဖြစ်လဲ Evan Blass ကနေ ဒီ Galaxy Watch Active 2 ရဲ့ ဓါတ်ပုံတွေကို ထုတ်ပြသွားခဲ့တာကြောင့်ပါ။ ဒါ့အပြင် တခြားသော Galaxy Watch Active 2 ရဲ့ ဓါတ်ပုံတွေအများအပြားလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ Galaxy Watch Active 2 ရဲ့ ဓါတ်ပုံတွေအရ အရောင်တွေအနေဲ့ ပန်းရောင်နဲ့ အမည်းရောင်ကို တွေ့လာရပြီဖြစ်ပြီးတော့ နောက်ထပ် Silver ဆိုပြီး အရောင်တစ်မျိုးကိုလည်း ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အခုနှစ်အစောပိုင်းက ထွက်ရှိခဲ့တဲ့ Galaxy Watch Active ကလည်း အောင်မြင်ခဲ့တဲ့ Smartwatch တစ်ခုလို့ ပြောလို့ရပြီးတော့ အခုလာမယ့် Galaxy Watch Active 2 မှာလည်း ပိုပြီးလှပတဲ့ Watch Face တွေ၊ Feature တွေပါဝင်လာဖို့ရှိနေပါတယ်။

လက်ရှိသိထားရတဲ့သတင်းတွေအရ ယခင် Galaxy Watch Active 1st Gen လိုမဟုတ်ဘဲ Galaxy Watch Active 2 မှာ Wristband Size ၂ မျိုးကို ရွေးချယ်နိုင်မှာဖြစ်ပြီးတော့ Black Leather Strap ကိုပါ ရွေးချယ်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် 4G LTE Version ပါ ပါဝင်လာဦးမှာဖြစ်ပါတယ်။ နောက်ပြီး လက်ရှိ Apple Watch အသစ်မှာ ပါဝင်တဲ့ ECG Feature လည်း ပါဝင်ဦးမယ်လို့ သတင်းတွေထွက်နေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ First Gen Galaxy Watch Active အပြီး အမြန်အဆန်မိတ်ဆက်လာမယ့် Galaxy Watch Active 2 က ဘယ်လို Feature တွေပါလာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Phone Arena