Samsung Galaxy Watch3 ကို အဖွဲ့အစည်းများစွာမှာ မှတ်ပုံတင်ထားပြီး စမတ်နာရီရဲ့ သတင်းအချက်အလက်များစွာကို တစ်နေ့ထက် တစ်နေ့ ပိုသိခဲ့ရပါပြီ။ အခုလည်း Bluetooth Certification ကို ရောက်လာပြီး ကြေညာမယ့် နေ့ကို သိလာရပါတယ်။ ၄၁ မီလီမီတာနဲ့ ၄၅ မီလီမီတာ မော်ဒယ် ၂ ခုစလုံးကို Bluetooth SIG က ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်တွေက SM-R845 နဲ့ SM-R855 တို့ ဖြစ်ပါတယ်။

Bluetooth Certification က စာရင်းအရ Galaxy Watch 3 မော်ဒယ် အားလုံးမှာ Bluetooth 5.0 ဆက်သွယ်မှု ပါလာမှာ ဖြစ်ပါတယ်။ မနေ့ကပဲ အဲဒီ စမတ်နာရီတွေရဲ့ ဓါတ်ပုံတွေ တောင်ကိုရီးယားက NRRA Certification Agency ကနေ ထွက်လာခဲ့ပြီး Rotating Bezel ပါလာပါတယ်။ ကိုယ်ထည်က ပါးလွှာပြီး အရင်မျိုးဆက် Galaxy Watch တွေထက် မျက်နှာပြင် ဧရိယာက ပိုကြီးပါတယ်။

အရင်သတင်းတွေအရ မော်ဒယ် ၂ မျိုးစလုံးမှာ 1GB RAM နဲ့ 8GB Storage တွေ ထည့်ထားပြီး Tizen OS 5.5 မောင်းနှင်ထားမယ်လို့ ထင်ပါတယ်။ MIL-STD-810G နဲ့ IP68 စံနှုန်းတွေ ပါတဲ့အတွက် ရေစိုခံသလို ကြံ့ခိုင်မာကျောမှာ ဖြစ်ပြီး Galaxy Watch3 Series ကို ဇူလိုင်လမှာ Samsung Buds Live TWS နားကြပ်နဲ့အတူ ကြေညာနိုင်ပါတယ်။

Ref : gsmarena