Samsung ကုမ္ပဏီဟာ လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ Galaxy Note20 နဲ့ Fold 2 ဟန်းဆက်တွေကို အွန်လိုင်းကနေ မိတ်ဆက်သွားမှာဖြစ်ပြီး ဒီစမတ်ဖုန်းသစ်တွေအပြင် Galaxy Watch3 စမတ်နာရီကိုလည်း မြင်တွေ့ရနိုင်ပါတယ်။

Samsung Galaxy Watch3 ဟာ ယနေ့မှာ ထိုင်းနိုင်ငံရဲ့ NBTC အတည်ပြုချက်ကို ရယူခဲ့ကြောင်း ထွက်ပေါ်လာခဲ့ပြီး NBTC စာရင်းမှ ဖော်ပြချက်အရ Galaxy Watch3 ဟာ ယခင် FCC မှာမြင်ခဲ့ရတဲ့ 45mm အပြင် 41mm အရွယ်အစားနဲ့ပါ ရရှိနိုင်မယ်ဆိုတာ သိလာရပါတယ်။

45mm ဗားရှင်းလိုပဲ 41mm မော်ဒယ်ဟာလည်း LTE ချိတ်ဆက်နိုင်စွမ်းပါဝင်မှာဖြစ်ပေမယ့် အခြား Specs တွေကိုတော့ မဖော်ပြထားပါဘူး။

ယခင်က တွေ့ခဲ့ရတာတော့ 45mm မော်ဒယ်မှာ Built-in GPS ပါဝင်ပြီး 5ATM ထိ ရေစိမ်ခံနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Gorilla Glass DX နဲ့ ဖုံးအုပ်ထားပြီး MIL-STD-810G အကြမ်းခံနိုင်စွမ်းလည်း ရှိတယ်လို့ ဆိုထားတာကြောင့် အတော်လေး အကြမ်းခံမယ့် ပုံပါ။

ထွက်ရှိဖို့ အနည်းငယ်လိုသေးတာကြောင့် လာမယ့်ရက်သတ္တပတ်တွေမှာ Galaxy Watch3 ရဲ့ အချက်အလက်တွေကို ပိုတွေ့လာရမယ်လို့ ယူဆရပါတယ်။

Ref – GSMArena