91Mobiles က Samsung နောက်ထွက်မယ့် Galaxy Watch4 ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။ ရှုထောင့်ပေါင်းစုံက ရိုက်ထားတာ ဖြစ်တဲ့အတွက် Samsung ရဲ့ တရားဝင် ဓါတ်ပုံတွေလို့ ထင်ရပါတယ်။ အရင်ကတော့ Galaxy Watch4 Active လို့ နာမည်ထွက်ခဲ့ပေမယ့် အခုတော့ Samsung က Galaxy Watch4 လို့ နာမည်ပေးထားမှာ သေချာသွားပါပြီ။

ဓါတ်ပုံတွေမှာ Watch4 ရဲ့ Specs တချို့လည်း ဖော်ပြထားပါတယ်။ အနောက်ဘက်မှာ 40mm နဲ့ 44mm စာသားတွေကို မြင်ရပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပြီး MIL-STD 810G စံနှုန်း ရှိပါတယ်။ GPS နဲ့ Gorilla Glass DX+ တွေ တပ်ဆင်ထားပါတယ်။

Watch4 ဒီဇိုင်းက Watch3 နဲ့ ကွာခြားသွားပြီး Galaxy Watch2 Active နဲ့ ပိုတူညီသွားပါတယ်။ နာရီကိုယ်ထည်ရဲ့ ဘေးဘက်ဟာ ကွေးညွှတ် ဒီဇိုင်း ဖြစ်ပြီး ညာဘက်မှာ ခလုတ် ၂ ခု တပ်ဆင်ထားပါတယ်။ Active2 မှာလို Touch-sensitive Bezel ဖြစ်နိုင်ပါတယ်။

ဓါတ်ပုံတွေမှာ အဖြူ၊ အစိမ်း၊ အနက်၊ အနီနဲ့ အဝါရောင် လက်ပတ်ကြိုးတွေနဲ့ ငွေ၊ အနက်၊ ကြေးအရောင်ကိုယ်ထည်တွေကို မြင်ရပါတယ်။ Galaxy Watch4 မှာ မောင်းနှင်ထားမယ့် Operating System ကို မသိရသေးပါဘူး။ Google ရဲ့ Wear OS အသစ် ထည့်သွင်းထားမယ်လို့ ထင်ပါတယ်။ Samsung ဟာ Galaxy Watch4 ကို ဩဂုတ်လ အစောပိုင်းမှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena