Samsung Galaxy Watch4 Classic ကို လာမဲ့ သြဂုတ်လ ၁၁ ရက်နေ့ Galaxy Unpacked Event မှာ မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။ အခုအချိန်မှာတော့ Galaxy Watch4 Classic နဲ့ပတ်သက်တဲ့ အချက်အလက်အပြည့်အစုံလည်း ပေါ်ထွက်ခဲ့ပြီးဖြစ်သလို၊ အသေးစိတ် Render တွေလည်း ထပ်ပြီး ပေါ်ထွက်လာပြန်ပြီ ဖြစ်ပါတယ်။

      Galaxy watch4 Classic ရဲ့ Detailed renders ကို ယူဆောင်လာတာကတော့ နာမည်ကျော် Leakster Evan, @evleaks ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Renders တွေဟာ Watch ရဲ့ မျက်နှာပြင်နဲ့ ကျောပြင်ကို အတော်လေးအသေးစိတ်ကျကျကြည့်ရှုနိုင်တာလည်း တွေ့ရပါတယ်။ ဒီ Renders တွေဟာ Galaxy watch4 Classic နဲ့ပတ်သက်ပြီး နောက်ဆုံးပဲလို့ ယူဆရပါတယ်။

Renders မှာတွေ့မြင်ရတာကတော့ Galaxy watch4 Classic အနက်ရောင်နဲ့ အဖြူရောင် ဖြစ်ပါတယ်။ မျက်နှာပြင်ကို Rotating bezel နဲ့မြင်တွေ့ရပြီး ကျောပြင်မှာတော့ Health-tracking sensor တွေနဲ့ မြင်တွေ့ရပါတယ်။ Galaxy watch4 Classic မှာ Gorilla Glass DX/DX+ protected display အသုံးပြုထားမယ်လို့ ယုံကြည်ရပါတယ်။

ကနဦးထွက်ခဲ့တဲ့ ပေါက်ကြားသတင်းတွေအရ Galaxy watch4 Classic ကို Exynos W920, 1.5GB RAM, 16GB storage နဲ့ ရရှိမှာ ဖြစ်ပါတယ်။ One UI Watch 3.5 မောင်းနှင်ထားမှာဖြစ်သလို၊ တပ်ဆင်ထားတဲ့  361mAh ဘက်ထရီတပ်ကို ၁ နာရီ မိနစ် ၄၀ နဲ့ အားအပြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် PPG, ECG နဲ့ BIA စတဲ့ Sensor တွေလည်း ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။

Ref: GSM Arena