[Unicode]

Samsung က XCover Series ဖုန်း အသစ် ၁ လုံးကို မကြာခင် ကြေညာနိုင်ပါတယ်။ Bluetooth Special Interest Group (SIG) မှာ SM-G715FN and SM-G715FN_DS စတဲ့ မော်ဒယ်နံပါတ် ပါတဲ့ ဖုန်း ၂ လုံးကို မှတ်ပုံတင်ထားပြီး Galaxy XCover Pro လို့ Product Name မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က အဲဒီ ဖုန်းကို WiFi Alliance မှာ မှတ်ပုံတင်ထားပြီး အခုတော့ Bluetooth Certification ရသွားပါပြီ။ အဲဒီအတွက် မကြာခင်မှာ မျက်ဝါးထင်ထင် မြင်ရတော့မှာပါ။

XDA-Developers မှ Mishaal Rahman က အဲဒီဖုန်းကို ဥရောပမှာ ရောင်းမှာ ဖြစ်ပြီး Android 10 မောင်းနှင်ထားမယ်လို့ ပြောပါတယ်။ XCover Pro မှာ Exynos 9611 Chipset မောင်းနှင်ထားနိုင်ပြီး Galaxy M30s နဲ့ တူပါတယ်။ 4GB RAM ပါလာမယ်လို့ Geekbench မှာ ဖော်ပြထားပါတယ်။ Dual-band WiFi နဲ့ Bluetooth 5.0 ဆက်သွယ်မှုတွေကို ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Galaxy XCover Pro ဟာ အကြမ်းခံတဲ့ စွမ်းရည်သင့် စမတ်ဖုန်း ဖြစ်ပြီး ဈေးက ပုံမှန်ထက် နည်းနည်း ပိုမြောက်မှာ ဖြစ်ပါတယ်။ ရေစိုခံပြီး ဖုန်မဝင်အောင် ကာကွယ်ပေးတဲ့ IP စံနှုန်းတွေ ပါလာမှာ ဖြစ်ပါတယ်။ အလန်းဆုံးကတော့ စစ်တပ် အဆင့် အကြမ်းခံ စံနှုန်းဖြစ်တဲ့ MIL-STD-810G ပိုင်ဆိုင်ထားတာပါ။

Ref : gizmochina

[Zawgyi]

အၾကမ္းခံတဲ့ Samsung Galaxy XCover Pro လာေတာ့မည္

Samsung က XCover Series ဖုန္း အသစ္ ၁ လံုးကို မၾကာခင္ ေၾကညာႏုိင္ပါတယ္။ Bluetooth Special Interest Group (SIG) မွာ SM-G715FN and SM-G715FN_DS စတဲ့ ေမာ္ဒယ္နံပါတ္ ပါတဲ့ ဖုန္း ၂ လံုးကို မွတ္ပံုတင္ထားၿပီး Galaxy XCover Pro လို႔ Product Name မွာ ေဖာ္ျပထားပါတယ္။ ၿပီးခဲ့တဲ့ ရက္သတၱပတ္ အနည္းငယ္က အဲဒီ ဖုန္းကို WiFi Alliance မွာ မွတ္ပံုတင္ထားၿပီး အခုေတာ့ Bluetooth Certification ရသြားပါၿပီ။ အဲဒီအတြက္ မၾကာခင္မွာ မ်က္၀ါးထင္ထင္ ျမင္ရေတာ့မွာပါ။

XDA-Developers မွ Mishaal Rahman က အဲဒီဖုန္းကို ဥေရာပမွာ ေရာင္းမွာ ျဖစ္ၿပီး Android 10 ေမာင္းနွင္ထားမယ္လို႔ ေျပာပါတယ္။ XCover Pro မွာ Exynos 9611 Chipset ေမာင္းနွင္ထားႏိုင္ၿပီး Galaxy M30s နဲ႔ တူပါတယ္။ 4GB RAM ပါလာမယ္လို႔ Geekbench မွာ ေဖာ္ျပထားပါတယ္။ Dual-band WiFi နဲ႔ Bluetooth 5.0 ဆက္သြယ္မႈေတြကို ေထာက္ပံ့ထားမွာ ျဖစ္ပါတယ္။

Galaxy XCover Pro ဟာ အၾကမ္းခံတဲ့ စြမ္းရည္သင့္ စမတ္ဖုန္း ျဖစ္ၿပီး ေစ်းက ပံုမွန္ထက္ နည္းနည္း ပိုေျမာက္မွာ ျဖစ္ပါတယ္။ ေရစိုခံၿပီး ဖုန္မ၀င္ေအာင္ ကာကြယ္ေပးတဲ့ IP စံႏႈန္းေတြ ပါလာမွာ ျဖစ္ပါတယ္။ အလန္းဆံုးကေတာ့ စစ္တပ္အဆင့္ အၾကမ္းခံ စံႏႈန္းျဖစ္တဲ့ MIL-STD-810G ပိုင္ဆိုင္ထားတာပါ။

Ref : gizmochina