5G ဆက်သွယ်မှု ပါတဲ့ ပထမဆုံး အကြမ်းခံ စမတ်ဖုန်း ထွက်ပေါ်လာပါပြီ။ အဲဒါက Samsung Galaxy XCover6 Pro ဖြစ်ပြီး ၆.၆ လက်မ LCD FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ကို လက်အိတ်၊ ရေစိုနေတဲ့လက်တွေနဲ့ ကိုင်တွယ် အသုံးပြုလို့ရပြီး နောက်ဆုံးထုတ် Gorilla Glass Victus+ နဲ့ ကာကွယ်ထားပါတယ်။

Samsung Galaxy XCover6 Pro official with 5G connectivity and removable back

IP68 နဲ့ MIL-810H စံနှုန်းတွေ ပါလာပြီး အရွယ်အစား အပြည့်အစုံက 168.8×79.9×9.9mm ရှိကာ အလေးချိန်က ၂၃၅ ဂရမ် ရှိပါတယ်။ 5G နဲ့ WiFi 6E ပါလာပြီး Snapdragon 778G Chipset ၊ 6GB RAM နဲ့ 128GB Storage တွေ ထည့်သွင်းထားပါတယ်။

Samsung Galaxy XCover6 Pro official with 5G connectivity and removable back

4,050mAh ဘက်ထရီ တပ်ဆင်ထားပြီး 15W Charging ထောက်ပံ့ထားပါတယ်။ ကင်မရာ အကြောင်းပြောရရင် အနောက်ဘက်မှာ 50MP Main , 8MP Ultrawide ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 13MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Android 12 အခြေပြု OneUI မောင်းနှင်ထားပြီး နားကြပ်ပေါက်၊ Speaker Boost Mode နဲ့ Samsung DeX Support ပါလာပါတယ်။

Samsung က ဈေးနှုန်းကို မပြောသေးဘဲ ဥရောပ၊ အာရှနဲ့ အရှေ့ အလယ်ပိုင်းက နိုင်ငံတွေမှာ ဇူလိုင်လအတွင်း ရောင်းချမှာ ဖြစ်ပါတယ်။ ပေါက်ကြားသတင်းအရ ယူရို ၆၀၀ နဲ့ ရောင်းချမယ်လို့ သိရပြီး မြန်မာငွေ ၁,၁၇၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

Ref : gsmarena