Samsung က နောက်လာမယ့် Unpacked Event မှာ နောက်မျိုးဆက် Galaxy Foldables ၊ စမတ်နာရီနဲ့ တက်ဘလက်တွေကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒီနှစ် ပွဲကို ပုံမှန် ဩဂုတ်လ အစား ဇူလိုင်လကုန်မှာ ကျင်းပမယ်လို့ထင်ပါတယ်။ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ Galaxy Z Flip 5 ရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်နေပြီး အခုတော့ အရောင်တွေကို သိလာရပါပြီ။

Display Supply Chain Consultants (DSCC) ရဲ့ CEO Ross Young က Samsung Galaxy Z Flip 5 မှာ အရောင် အသစ် ၄ ရောင် ပါလာမယ်လို့ တွစ်တာမှာ ပြောပါတယ်။ အဲဒီ အရောင်တွေက Blue, Green , Platinum နဲ့ Yellow တို့ ဖြစ်ပါတယ်။ သူက Galaxy Z Flip 5 အတွက် ပုံမှန်အတိုင်း Beige, Grey, Light Green နဲ့ Light Pink  အရောင်တွေလည်း ထွက်လာမယ်လို့ ပြောပါတယ်။

Samsung Galaxy Z Flip5 and Galaxy Z Fold5 mass production window revealed with new cover display information - NotebookCheck.net News

Young က Galaxy Z Fold 5 အတွက် Blue နဲ့ Platinum အရောင်တွေနဲ့အတူ Beige, Black နဲ့ Light Blue အရောင်တွေ ပါလာမယ်လို့ ပြောပါတယ်။

ပေါက်ကြားလာတဲ့ ဓါတ်ပုံတွေအရ Samsung Galaxy Z Flip 5 မှာ OPPO Find N2 Flip , vivo X Flip နဲ့ Motorola Razr Ultra တို့မှာလို အရွယ်ကြီး ဒုတိယ မျက်နှာပြင် တပ်ဆင်ထားမှာပါ။ မျက်နှာပြင် အရွယ်အစားဟာ ၃.၄ လက်မ ရှိနိုင်ပြီး 720p Resolution ထောက်ပံ့ထားနိုင်ပါတယ်။

Ref : gizmochina