Samsung Galaxy Z Flip 5G ဟာ လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ Note20 event နဲ့အတူ ကြေညာမယ်လို့ ကောလာဟလ ထွက်နေခဲ့တာပါ။ အခုတော့ Bluetooth certification ရသွားပြီဖြစ်တဲ့အတွက် သြဂုတ်လဆန်းမှာ ဖြန့်ချိမယ်ဆိုတာလည်း ဖြစ်နိုင်ချေရှိလာပြီလို့ ဆိုနိုင်ပါတယ်။

Bluetooth စာရင်းကတော့ Galaxy Z Flip 5G ရဲ့ Bluetooth 5.0 ဆက်သွယ်မှုကို အတည်ပြုတာကလွဲရင် တခြားအချက်အလက်တွေကို ဖော်ပြနိုင်တာမဟုတ်ပါဘူး။ ဒါပေမယ့် Bluetooth စာရင်းအရ သိနိုင်တာကတော့ Clamshell foldable စမတ်ဖုန်းတွေရဲ့ မော်ဒယ်နံပါတ် ၆ ခုပဲ ဖြစ်ပါတယ်။

မော်ဒယ်နံပါတ် SM-F707U, SM-F707W, SM-F707U1, SM-F7070, SM-F707U_SPR နဲ့ SM-F707B တို့ဟာ ဈေးကွက်တွေပေါ်မူတည်ပြီး ကွဲပြားသွားဖွယ်ရှိပါတယ်။ မော်ဒယ်နံပါတ် SM-F707B ကတော့ နိုင်ငံတကာဗားရှင်းအဖြစ် ထွက်လာလိမ့်မယ်လို့ သတင်းရင်းမြစ်က အခိုင်အမာဆိုပါတယ်။

တောင်ကိုရီးယားသီးသန့်ဗားရှင်းက SM-F707N နဲ့လို့ ဆိုထားပေမယ့် Bluetooth listing မှာ မတွေ့မြင်ရပါဘူး။ ဒါပေမယ့် Bluetooth Launch Studio က Bloom-X အဖြစ် စာရင်းပြုစုထားဖွယ် ရှိနေပါတယ်။ ကောလာဟလတွေအရ Galaxy Z Flip 5G ဟာ အရောင်သစ်အဖြစ် အညိုရောင်နဲ့ ထွက်လာမယ်လို့လည်း သိရပါတယ်။

မကြာသေးခင်က Geekbench မှာတွေ့လိုက်ရတာက နောက်ဆုံးထုတ် Snapdragon 865 SoC, 8GB of RAM နဲ့ Android 10 တို့ မောင်းနှင်ထားတာဖြစ်ပါတယ်။ ကျန်တဲ့ Specs တွေကတော့ 4G counterpart နဲ့ အတူတူပဲ ဖြစ်လာဖွယ်ရှိပါတယ်။

Ref: GSM Arena