Samsung Galaxy Z Flip 5G ကို ဩဂုတ်လ ၅ ရက်နေ့ ကြေညာမယ်လို့ တောင်ကိုရီးယား ဝက်ဘ်ဆိုက်ရဲ့ Support Page မှာ ဖော်ပြထားပါတယ်။ မော်ဒယ်နံပါတ်က SM-F707N ဖြစ်ပြီး အဲဒါဟာ တောင်ကိုရီးယား မော်ဒယ်လို့ သိရပါတယ်။

Support Page မှာ Galaxy Z Flip 5G ရဲ့ Specs တွေကို မဖော်ပြထားပေမယ့် အဲဒီ ဖုန်းကို TENAA မှာ မှတ်ပုံတင်ထားပြီး မကြာခင် တရုတ်မှာ ကြေညာနိုင်ပါတယ်။ Galaxy Z Flip 5G အတွက် မော်ဒယ်နံပါတ် ၆ ခုတောင် ရှိပြီး TENAA မှာ မှတ်ပုံတင်ထားတာက SM-F7070 ဖြစ်ပါတယ်။

TENAA က စာရင်းအရ Galaxy Z Flip 5G မှာ ၁.၀၅ လက်မ အပို မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 2500mAh နဲ့ 704mAh ဘက်ထရီ ၂ လုံး ထည့်ထားမှာပါ။ 4G Version မှာတော့ 3300mAh ဘက်ထရီ ပါခဲ့တာပါ။ TENAA မှာ အဲဒီ ဖုန်းရဲ့ Specs အပြည့်အစုံကို မဖော်ပြထားပါဘူး။ တရုတ်က နာမည်ကျော် Tipster ဖြစ်တဲ့ Digital Chat Station က အဲဒီဖုန်းမှာ Snapdragon 865+ Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး ၆.၇ လက်မ ပင်မ AMOLED 2636x1080p မျက်နှာပြင် ပါမယ်လို့ ဖော်ပြထားပါတယ်။

အပို မျက်နှာပြင်ဟာ 4G Version ထက်သေးငယ်မှာ ဖြစ်ပေမယ့် တူညီတဲ့ 300x112p Resolution သုံးထားမှာပါ။ ဒါ့အပြင် ဆဲလ်ဖီး ကင်မရာကို 10MP ကနေ 12MP သို့ အဆင့်မြှင့်ထားပြီး အနောက်ဘက်မှာ 12MP နဲ့ 10MP ကင်မရာ ၂ လုံး ထည့်ထားမှာပါ။

Ref : gsmarena