Samsung က Galaxy Z Flip ရဲ့ 5G Version ကို ဩဂုတ်လ ၅ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး Galaxy Note20 Series ကိုပါ ချပြနိုင်ပါတယ်။ Galaxy Z Flip 5G မှာ Snapdragon 865+ Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး ကင်မရာတွေ ကွဲပြားမယ်လို့ သိရပါတယ်။ အခုတော့ TENAA ကနေ အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပြီး ဒီဇိုင်းဟာ အရင်မျိုးဆက်နဲ့ တူပါတယ်။ ဒါပေမယ့် အရင်မျိုးဆက်ရဲ့ Mirror အရောင်နဲ့ ကွဲပြားတဲ့ Silver အရောင်ကို မြင်ရပါတယ်။

အတွင်းဘက် ကင်မရာက 12MP ဖြစ်ပြီး အပြင်ဘက်မှာ 12MP+10MP ကို သုံးထားပါတယ်။ အရင်မျိုးဆက်မှာတော့ အပြင်ဘက်မှာ 12MP+12MP ထည့်ထားတာပါ။ Foldable မျက်နှာပြင်ဟာ ၆.၇ လက်မ AMOLED ဖြစ်ပြီး 1080p Resolution ရှိပါတယ်။ အပြင်ဘက် မျက်နှာပြင်ငယ်ဟာ 300x112p AMOLED ဖြစ်ပြီး ကင်မရာ ၂ လုံးရဲ့ ဘေးနားမှာ တည်ရှိပါတယ်။

2,500+704mAh ဘက်ထရီ ထည့်သွင်းထားပြီး အရင်မျိုးဆက်ရဲ့ 3,300mAh လောက်ရှိပါတယ်။ ဒါပေမယ့် Chipset အသစ်ကြောင့် Charging အစိတ်အပိုင်းမှာ အနည်းငယ်ပြောင်းလဲသွားနိုင်ပါတယ်။ Snapdragon 865+ ရဲ့ CPU ဟာ 3GHz ကျော်ရှိနိုင်ပြီး TENAA က 3.09GHz လို့ ပြောထားပါတယ်။

Ref : gsmarena