Samsung ကနေ လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ Galaxy Note 20 Series ဖုန်းတွေနဲ့ Galaxy Fold 2 ဖုန်းအသစ်တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Galaxy Z Flip ဖုန်းကိုလည်း Galaxy Z Flip 5G ဆိုပြီး အသစ်မိတ်ဆက်သွားဦးမှာပါ။

 

အခုအချိန်မှာတော့ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Evan Blass (EVLeaks) ကနေ အဆိုပါ Galaxy Z Flip 5G ဖုန်းရဲ့ Promotional Teaser Video ကိုတင်ပေးခဲ့ပါတယ်။ အဆိုပါ Video နဲ့အတူ Galaxy Z Flip 5G အပြင် Galaxy Note 20 Series မှာအသစ်ပါဝင်လာမယ့် Mystic Bronze အရောင်အသစ်ကိုပါ မြင်တွေ့ခဲ့ရပါတယ်။

 

Galaxy Z Flip 5G စမတ်ဖုန်းဟာ ယခုနှစ်အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy Z Flip ကိုပဲ Processor ပိုင်းမှာ Qualcomm Snapdragon 855+ အစား Snapdragon 865+ ကိုပြောင်းလဲလိုက်တာပဲ ကွာခြားသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ Camera Setup ၊ Design ပိုင်းနဲ့ Battery တွေအနေနဲ့လည်း လက်ရှိ Galaxy Z Flip ကနေ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ Software ပိုင်းအနေနဲ့ကတော့ OneUI 2.5 ကို အသုံးပြုလာမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Size အနေနဲ့ကတော့ Galaxy Z Flip 5G က ပုံမှန် Galaxy Z Flip ဖုန်းထက် 0.5mm ပိုထူသွားမှာဖြစ်ပြီး 0.1mm ခန့်ပိုပြီးရှည်သွားမယ်လို့ သိရပါတယ်။ လောလောဆယ်မှာ Samsung Galaxy Z Flip ဖုန်းကို $1,480 နဲ့ ရောင်းချနေတဲ့အတွက် Galaxy Z Flip 5G က အနည်းငယ်ပိုပြီး စျေးနှုန်းပိုမြင့်မားလာနိုင်ပါတယ်။

Ref – GSM Arena