ယခုနှစ်အတွင်းမှာ Samsung ကနေ Galaxy Z Flip စမတ်ဖုန်းအပြင် နှစ်လယ်ပိုင်းလောက်မှာ ပိုပြီးစွမ်းဆောင်ရည်ကောင်းမွန်တဲ့ Galaxy Z Flip 5G ဖုန်းကိုပါ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Galaxy Z Flip 5G ဟာ လက်ရှိအချိန်မှာ Android 11 ကို အခြေခံထားတဲ့ OneUI 3.0 Update ကိုပါ ရရှိနေပြီလို့ သိရပါတယ်။

Samsung ဟာ Galaxy S21 Series စမတ်ဖုန်းတွေ မိတ်မဆက်ခင်မှာ Flagship ဖုန်းတော်တော်များများကို OneUI 3.0 Update ဆက်တိုက် ထုတ်ပေးနေတာဖြစ်ပါတယ်။ အခုဆိုရင် ၂၀၂၀ အတွင်းမှာ မိတ်ဆက်ခဲ့တဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S20 Series ၊ Galaxy Note 20 Series ၊ Galaxy Z Fold2 အပြင် Galaxy S20 FE လိုမျိုးဖုန်းတွေတောင်မှ OneUI 3.0 Stable Update ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

အစောပိုင်းတုန်းက ကြေညာထားတဲ့သတင်းတွေအရလည်း Galaxy Z Flip 5G ဟာ လာမယ့် ဇန်နဝါရီလ ၂၀၂၁ ခုနှစ်မှာ OneUI 3.0 Update ရရှိမှာဖြစ်ပြီး အခုက ပိုပြီးအချိန်စောပြီး ရရှိနေတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Switzerland Region မှာပဲ အရင်ဆုံးရရှိနေသေးတာဖြစ်ပြီး Firmware Version အနေနဲ့ F707BXXU1CTL6 ဆိုပြီး ထွက်ရှိလာတာဖြစ်ပါတယ်။ OneUI 3.0 Update အပြင် December 2020 Security Patch လည်းပါဝင်မှာဖြစ်ပါတယ်။

OneUI 3.0 ဟာ အဓိကအနေနဲ့ UI ပိုင်း ပြောင်းလဲမှုတွေအများအပြားပါဝင်လာသလို Android 11 ရဲ့ Feature အသစ်တွေဖြစ်တဲ့ Notification ပိုင်း ပြောင်းလဲမှုတွေ၊ Chat Bubble နဲ့ တခြားသော Media Playback Control ပိုင်းပြောင်းလဲမှုတွေပါဝင်မှာဖြစ်ပါတယ်။ Samsung အနေနဲ့လည်း အခုလိုမျိုး ဆက်တိုက်ကို Software Update ပိုင်းမှာ အာရုံစိုက်လာတာကိုတော့ ဝမ်းသာရမှာပါ။

Ref – Gizmo China