Samsung ဟာ လာမယ့်ဩဂုတ်လ ၅ ရက်နေ့မှာ Unpacked Event ကို ပြုလုပ်သွားမှာဖြစ်ပြီး အခုနှစ်ရဲ့ အဓိက ကစားသမားတွေဖြစ်လာမယ့် Galaxy Note20 ဖုန်းသုံးလုံး၊ Galaxy Z Fold 2 တို့နဲ့အတူ ချစ်ပ်ဆက်အသစ် အသုံးပြုထားတဲ့ Galaxy Z Flip 5G ဟန်းဆက်အသစ်တို့ကိုပါ မိတ်ဆက်လာမှာပါ။

Z Flip 5G ဖုန်းသစ်ရဲ့ မိတ်ဆက်ချိန် ပိုမိုနီးကပ်လာတဲ့ လက္ခဏာတစ်ခုအဖြစ် ယနေ့မှာတော့ ဟန်ဂေရီနိုင်ငံက အရောင်းဝက်ဘ်ဆိုက်တစ်ခုမှာ ဒီဖုန်းအတွက် Support Page ကို စတင်ဖန်တီးလာတာ မြင်ခဲ့ရပြီး မော်ဒယ်နံပါတ် SM-F707B လို့ ဖော်ပြထားပါတယ်။

Galaxy Z Flip 5G ဖုန်းကို ဟန်ဂေရီဆိုက်မှာ အရောင်သုံးမျိုးနဲ့ရရှိနိုင်မှာဖြစ်ပေမယ့် စုစုပေါင်းကာလာလေးမျိုး ထွက်ရှိမှာဖြစ်ကာ Purple, Silver, Black, Copper တို့ဖြစ်ပါတယ်။ နောက်ဆုံးအရောင်ကို Mystic Bronze လို့ အမည်ပေးလာဖို့ မျှော်လင့်ထားပြီး Samsung ရဲ့ ၂၀၂၀ Flagship လိုင်းအပ်ထဲမှာ ကာလာအမည်အသစ်ဖြစ်နေမှာပါ။

Z Flip 5G ဖုန်းမှာ Snapdragon 865 ချစ်ပ်ဆက်ပါလာမှာဖြစ်ပြီး ချစ်ပ်ဆက်နဲ့ Modem အတွက် နေရာပေးဖို့ ဘက္ထရီ နည်းနည်းပိုသေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျန်တာတွေကတော့ ကြီးကြီးမားမားပြောင်းလဲမှာမဟုတ်ပါဘူး။

Ref – GSMArena