Samsung ကနေ ယခုနှစ်အစောပိုင်းတုန်းက Galaxy S20 Series စမတ်ဖုန်းတွေနဲ့အတူ Foldable ဖုန်းအသစ်ဖြစ်တဲ့ Galaxy Z Flip ဖုန်းကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ Galaxy Z Flip ဖုန်းဟာ 5G ကို Support ပြုလုပ်ခြင်းမရှိဘဲ 4G ကိုပဲ Support ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Samsung ကနေ အဆိုပါ Galaxy Z Flip စမတ်ဖုန်းကိုပဲ 5G Version အနေနဲ့ လာမယ့် ၂၀၂၀ ဒုတိယနှစ်ဝက်ထဲမှာ မိတ်ဆက်သွားဦးမယ်ဆိုပြီး သတင်းတွေထွက်ရှိနေပါတယ်။ ဒါတင်မဟုတ်သေးဘဲ အဆိုပါ Galaxy Z Flip ဖုန်းသစ်မှာ အညိုရောင် အရောင်အသစ်ကိုလည်း ရွေးချယ်နိုင်ဦးမှာဖြစ်ပါတယ်။

အခုလက်ရှိရောင်းချနေတဲ့ Samsung Galaxy Z Flip ဖုန်းဟာ Qualcomm Snapdragon 855+ Processor ကို အသုံးပြုထားတာဖြစ်ပြီး လာမယ့် 5G Version Galaxy Z Flip ဟာ Snapdragon 855+ ကိုပဲ 5G Modem နဲ့ ဆက်လက်အသုံးပြုလာမလား၊ ဒါမှမဟုတ် Snapdragon 865 လိုမျိုး 5G Chipset တွေကိုပြောင်းလဲအသုံးပြုလာမလားဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် လောလောဆယ်သိရှိထားတဲ့သတင်းတွေအရ Storage ကိုတော့ 128GB အပြင် 256GB ပါ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Samsung ဟာ လာမယ့် သြဂုတ်လဝန်းကျင်မှာလည်း Galaxy Fold 2 အပြင် စျေးသက်သာတဲ့ Galaxy Fold Lite ကိုပါ မိတ်ဆက်လာဦးမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် ကြည့်ရတာ ယခုနှစ်မှာ Foldable ဖုန်းတွေကို ဦးစားပေးပြီး ထုတ်လုပ်သွားမယ့်ပုံစံပါပဲ။

Ref – Giz China