Samsung ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းက OneUI 3.0 Beta Update ကို Galaxy S10 Series နဲ့ Note 10 Series စမတ်ဖုန်းတွေအတွက် မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Battery စားသုံးမှုများပြားတဲ့ ပြဿနာအပြင် တခြား Bug တွေရှိနေခဲ့တဲ့အတွက် ခတ္တဆိုင်းငံ့ခဲ့ရပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ Galaxy Z Flip နဲ့ Z Flip 5G Foldable ဖုန်းတွေအတွက် အဆိုပါ Bug တွေကို ဖြေရှင်းထားတဲ့ OneUI 3.0 Beta Update အသစ်ကို ပြန်လည်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိပြဿနာဖြစ်ပွားနေတဲ့ Galaxy S10 Series နဲ့ Note 10 Series ဖုန်းတွေအတွက်ကတော့ Update အသစ်ကို ရရှိသေးခြင်းမရှိပါဘူး။

လောလောဆယ်မှာ Samsung ကနေ Galaxy Z Flip နဲ့ Z Flip 5G ဖုန်းတွေအတွက် OneUI 3.0 Beta Update ကို တောင်ကိုရီးယားနိုင်ငံအတွက်ပဲ ထုတ်ပေးထားသေးတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျန်တဲ့ Region တွေအနေနဲ့ကတော့ ရရှိလာတဲ့အချိန်ကျရင် Samsung Members App ကနေ Beta Program ကိုဝင်ရောက်ပြီး အသုံးပြုနိုင်မှာပါ။

OneUI 3.0 ဟာ Android 11 OS ကို အခြေခံထားတဲ့အတွက် Software ပိုင်းမှာ Privacy ၊ Security အပြင် Notification ပိုင်းပြောင်းလဲမှုတွေအများအပြား ပါဝင်လာမှာဖြစ်ပြီး Media Controls ၊ Chat Bubbles လိုမျိုး တခြားသော Feature အသစ်တွေလည်းထည့်သွင်းပေးထားတာဖြစ်ပါတယ်။ နောက်ပိုင်း OneUI 3.0 Stable Update မှာပိုပြီးတောင် Feature အသစ်တွေပါဝင်လာနိုင်ပါသေးတယ်။

ဒါတင်မဟုတ်သေးဘဲ Samsung ရဲ့ Beta Operations Manager ကနေ ယခုတပတ်အတွင်းမှာ Galaxy S10 Series နဲ့ Galaxy Z Fold 2 ဖုန်းတွေအတွက် Bug တွေကို ပြန်လည်ပြင်ဆင်ထားတဲ့ OneUI 3.0 Update အသစ်ကို ရရှိမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref – GSM Arena