Samsung ရဲ့ ဒုတိယမြောက် Foldable ဖုန်း ဖြစ်တဲ့ Galaxy Z Flip ဟာ ဒီဇိုင်းလန်းသလို ဈေးလည်း မြောက်ပါတယ်။ ဒါပေမယ့် အမေရိကန်မှာ ရောင်းအားလန်းနေပါတယ်။ Unlocked နဲ့ AT&T မော်ဒယ်တွေဟာ အွန်လိုင်းက စရောင်းပြီး မကြာခင်မှာပဲ ပစ္စည်းပြတ်သွားပါတယ်။

လက်ရှိမှာ Galaxy Z Flip ကို လိုချင်ရင် Sprint ကနေ ဝယ်ယူရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် နောက် ၁ သုတ်ရောင်းတာကို စောင့်ရမှာပါ။ တောင်ကိုရီးယား မီဒီယာ ၁ ခုရဲ့ သတင်းအရ Z Flip ရဲ့ ပထမ ၁ ပတ်ရောင်းအားဟာ Galaxy Fold ထက် ၁၀ ဆ ပိုကောင်းမယ်လို့ Samsung က မျှော်မှန်းထားပါတယ်။ တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအထိ အလုံးရေ ၉၀၀ ရောင်းချထားနိုင်ပြီး နာရီပိုင်းအတွင်းမှာ ပစ္စည်းပြတ်သွားပါတယ်။

Samsung ဟာ ထုတ်လုပ်လို့ ရသလောက် ရောင်းထွက်နေတဲ့ပုံပေါ်ပါတယ်။ နောက်ပိုင်းမှာ ဝယ်လိုအားရှိသလောက် Samsung ထုတ်လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Z Flip ကို  ၁၃၈၀ ဒေါ်လာ သတ်မှတ်ထားပြီး သိန်း ၂၀ လောက်ရှိပါတယ်။

Ref : gsmarena