Samsung က Galaxy Note 10 Lite အတွက် One UI 2.1 ကို ဖြန့်ချိပေးလိုက်သလို Galaxy Z Flip အတွက်လည်း Software Update အသစ် ၁ ခုကို ထည့်သွင်းပေးလိုက်ပါတယ်။ Update မှာ ဧပြီလအတွက် Security Patches ပါလာပြီး ကင်မရာရဲ့ Flex Mode ပိုကောင်းလာပါတယ်။

Built-in ကင်မရာ App မှာ Flex Mode နဲ့ မသုံးခင် ဖုန်းရဲ့ အပေါ်ဘက်ခြမ်းမှာ Viewfinder နဲ့ အောက်ဘက်ခြမ်းမှာ Controls တွေကို မြင်ရပါတယ်။ Update ကို အင်စတော လုပ်ပြီးရင် ဖုန်းကို ခေါက်ချိုးလို့ရလာမှာ ဖြစ်ပါတယ်။ Flex Mode မှာ Preview Window ကို ဖုန်းရဲ့ တခြားဘက်ခြမ်း ပြောင်းချင်ရင် ၂ ချက်နှိပ်ရမှာ ဖြစ်ပါတယ်။

တချို့ Apps တွေဖွင့်ထားချိန် Z Flip ကို ၉၀ ဒီဂရီနဲ့ အဲနီးပါး ခေါက်ချိုးလိုက်ရင် Flex Mode ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။ Software Version အသစ်ဟာ F700FXXU1ATD6 ဖြစ်ပြီး အီတလီမှာ စတင် ဖြန့်ချိပေးနေပါပြီ။ လာမယ့် ရက်အနည်းငယ်အတွင်းမှာ တခြား ဥရောပ နိုင်ငံတွေမှာ ရရှိမယ်လို့ ထင်ပါတယ်။ တစ်ကမ္ဘာလုံးအတွက်လည်း ဖြန့်ချိကောင်း ဖြန့်ချိနိုင်ပါတယ်။

Ref : gsmarena