[Unicode]

ဖေဖော်ဝါရီလရောက်လာတော့မှာ ဖြစ်တဲ့အတွက် ရင်တွေ ပိုခုန်နေရပါပြီ။ ဘာလို့လဲဆိုတော့ အဲဒီလမှာ Samsung က Unpacked Event ကို ကျင်းပမှာ ဖြစ်ပြီး Galaxy S20 Series တွေနဲ့အတူ ဒုတိယမြောက် Foldable ဖုန်းဖြစ်တဲ့ Galaxy Z Flip ကိုပါ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ နာမည်ကျော် Leakster ၁ ယောက်ဖြစ်တဲ့ Max Weinbach က Z Flip ရဲ့ Specs တချို့ကို မျှဝေလိုက်ပါတယ်။

မျက်နှာပြင် အကြောင်းက စပြောလိုက်ပါမယ်။ Z Flip မှာ Ultra Thin Glass (UTG) အုပ်ထားတဲ့ Dynamic AMOLED မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး အလယ်နားမှာ ခေါက်ချိုးရာ ပါလာမှာပါ။ UTG ထည့်သွင်းထားတဲ့အတွက် Galaxy Fold ရဲ့ ပလတ်စတစ်ထက် ပိုမာကျောမှာ သေချာပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပြီး အရင် သတင်းထွက်ခဲ့တဲ့ 855 အစား Snapdragon 855+ Chipset မောင်းနှင်ထားမယ်လို့ Weinbach က ပြောပါတယ်။

အပြင်ဘက်မှာ ၁ လက်မ မျက်နှာပြင်လေး ပါလာမှာ ဖြစ်ပြီး အားသွင်းနှုန်း၊ ဘက်ထရီ သတင်းအချက်အလက်၊ နေ့စွဲ၊ အချိန်တို့ကို ပြသပေးနိုင်သလို ကင်မရာ Viewfinder လိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အနောက်ဘက်မှာ 12MP ကင်မရာ ၂ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး Regular နဲ့ Ultrawide တွေ ဖြစ်နိုင်ပါတယ်။ Wired Charging Speed က 15W ဖြစ်ပြီး Wireless နဲ့ Reverse Wireless စွမ်းရည်တွေ ပါလာမယ်လို့ သတင်းထွက်နေတဲ့အတွက် အရမ်းကို မိုက်ပါတယ်။ ဒါပေမယ့် Charging Speed တွေကိုတော့ မသိရသေးပါဘူး။

Ref : gsmarena

[Zawgyi]

SD855+ ပါလာမယ့္ Samsung Galaxy Z Flip

ေဖေဖာ္ဝါရီလေရာက္လာေတာ့မွာ ျဖစ္တဲ့အတြက္ ရင္ေတြ ပိုခုန္ေနရပါၿပီ။ ဘာလို႔လဲဆိုေတာ့ အဲဒီလမွာ Samsung က Unpacked Event ကို က်င္းပမွာ ျဖစ္ၿပီး Galaxy S20 Series ေတြနဲ႔အတူ ဒုတိယေျမာက္ Foldable ဖုန္းျဖစ္တဲ့ Galaxy Z Flip ကိုပါ ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။ အခုေတာ့ နာမည္ေက်ာ္ Leakster ၁ ေယာက္ျဖစ္တဲ့ Max Weinbach က Z Flip ရဲ႕ Specs တခ်ိဳ႕ကို မွ်ေဝလိုက္ပါတယ္။

မ်က္ႏွာျပင္ အေၾကာင္းက စေျပာလိုက္ပါမယ္။ Z Flip မွာ Ultra Thin Glass (UTG) အုပ္ထားတဲ့ Dynamic AMOLED မ်က္ႏွာျပင္ပါလာမွာ ျဖစ္ၿပီး အလယ္နားမွာ ေခါက္ခ်ိဳးရာ ပါလာမွာပါ။ UTG ထည့္သြင္းထားတဲ့အတြက္ Galaxy Fold ရဲ႕ ပလတ္စတစ္ထက္ ပိုမာေက်ာမွာ ေသခ်ာပါတယ္။ ေဘးဘက္မွာ လက္ေဗြရာ အာ႐ုံခံ ကိရိယာ ထည့္သြင္းထားၿပီး အရင္ သတင္းထြက္ခဲ့တဲ့ 855 အစား Snapdragon 855+ Chipset ေမာင္းႏွင္ထားမယ္လို႔ Weinbach က ေျပာပါတယ္။

အျပင္ဘက္မွာ ၁ လက္မ မ်က္ႏွာျပင္ေလး ပါလာမွာ ျဖစ္ၿပီး အားသြင္းႏႈန္း၊ ဘက္ထရီ သတင္းအခ်က္အလက္၊ ေန႔စြဲ၊ အခ်ိန္တို႔ကို ျပသေပးႏိုင္သလို ကင္မရာ Viewfinder လိုပါ အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။ အေနာက္ဘက္မွာ 12MP ကင္မရာ ၂ လုံး တပ္ဆင္ထားမွာ ျဖစ္ၿပီး Regular နဲ႔ Ultrawide ေတြ ျဖစ္ႏိုင္ပါတယ္။ Wired Charging Speed က 15W ျဖစ္ၿပီး Wireless နဲ႔ Reverse Wireless စြမ္းရည္ေတြ ပါလာမယ္လို႔ သတင္းထြက္ေနတဲ့အတြက္ အရမ္းကို မိုက္ပါတယ္။ ဒါေပမယ့္ Charging Speed ေတြကိုေတာ့ မသိရေသးပါဘူး။

Ref : gsmarena