Samsung Galaxy Z Flip3 ကို Galaxy Z Fold3 နဲ့အတူ ဩဂုတ်လ ၁၁ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ Galaxy Z Flip3 ကို တရုတ်က 3C မှာ မှတ်ပုံတင်လိုက်ပါတယ်။ မူလ Galaxy Z Flip နဲ့ Galaxy Z Flip 5G မှာ 15W Fast Charging ထည့်သွင်းထားပြီး 3C ကစာရင်းအရ Z Flip3 မှာ ပိုမြန်တဲ့ Charging ပါလာပါတယ်။

Samsung Galaxy Z Flip 3C certification

အရင်က Galaxy Z Flip3 ရဲ့ မော်ဒယ်နံပါတ်က SM-F7110 ဖြစ်ပြီး 15W Charger ပါတယ်လို့ မေလက 3C မှာ စာရင်းတင်ထားပါတယ်။ အခုတော့ 3C မှာ Charger ၂ မျိုး ပြသထားပြီး EP-TA200 နဲ့ EP-TA800 တို့ ဖြစ်ပါတယ်။ ပထမ တစ်ခုက 15W Fast Charging နဲ့ ဒုတိယ တစ်ခုက 25W Rapid Charging ဖြစ်ပါတယ်။ ဖြစ်နိုင်တာက ဘူးထဲမှာ 15W Charger ထည့်ထားပြီး User တွေက ပိုမြန်ချင်ရင် 25W Charger ကို သီးခြားဝယ်ယူရမှာပါ။

Samsung Galaxy Z Flip3 5G renders 1

Galaxy Z Flip3 မှာ 3,300mAh ဘက်ထရီ ပါလာနိုင်ပြီး ၆.၇ လက်မ Foldable မျက်နှာပြင် ထည့်သွင်းထားနိုင်ပါတယ်။ အတွင်းဘက်မျက်နှာပြင်မှာ 10MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာနိုင်ပါတယ်။  Cover မျက်နှာပြင်က ၁.၉ လက်မ ဖြစ်နိုင်ပြီး 12MP ကင်မရာ တပ်ဆင်ထားနိုင်ပါတယ်။

Galaxy Z Flip3 မှာ Snapdragon 888 Chipset မောင်းနှင်ထားနိုင်ပြီး 8GB RAM ပါလာနိုင်ပါတယ်။ Storage အနေနဲ့ 128GB နဲ့ 256GB ၂ မျိုး ရွေးချယ်နိုင်မှာပါ။ IPX8 ရေစိုခံ စံနှုန်း ပါလာနိုင်ပြီး လှပတဲ့ Dual-tone ဒီဇိုင်းကို အသုံးပြုထားနိုင်ပါတယ်။ Dark Green, Light Violet, Beige, Grey, Pink, Dark Blue နဲ့ White အရောင်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။

Ref : gizmochina