Samsung ဟာ သူ့ရဲ့ Flagships တွေကို Special Edition နဲ့ ထုတ်ပေးလေ့ရှိပါတယ်။ Galaxy Z Flip3 နဲ့ Galaxy Z Fold3 တို့ကို အရောင်အတော်များများရွေးချယ်ခွင့်ပေးထားသလို Thom Browne Edition ကိုလည်း ရွေးချယ်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားကုမ္ပဏီကြီးက Z Flip3 နဲ့ Z Fold3 တို့အတွက် နောက်ထပ် Edition တစ်မျိုးကိုလည်း ထပ်ပြီးစီစဉ်ထားပါသေးတယ်။

Wooyoungmi Edition ဟာ Samsung Galaxy Z Flip3 နဲ့ Galaxy Z Fold3 တို့ရဲ့ Edition အသစ်ပါပဲ။ Wooyoungmi ဆိုတာကတော့ ၂၀၀၂ ခုနှစ်တုန်းက ပြင်သစ်မှာ ဒီဇိုင်နာ Youngmi Woo က စတင်ပြီးထုတ်လုပ်ဖြန့်ချိခဲ့တဲ့ တောင်ကိုရီးယားအမျိုးသားဝတ် အဝတ်အထည်အမှတ်တံဆိပ်ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Samsung ရော Youngmi ကပါ တရားဝင်မှတ်ချက်ပေးထားတာမျိုး မရှိသေးပါဘူး။

ဒီသတင်းထွက်ပေါ်လာတာက တွစ်တာပေါ်က ရုပ်ပုံအနည်းငယ်ကြောင့်ပါပဲ။ ဒီရုပ်ပုံတွေကပေးတဲ့ သဲလွန်စတွေကြောင့် ဒီအထူး Edition တွေကနေ ဘာတွေကိုမျှော်လင့်နိုင်မလဲဆိုတာကိုပါ ဖြစ်ပေါ်စေခဲ့ပါတယ်။ ပုံတွေအရတော့ Galaxy Z Flip3 ဟာ အနက်ရောင်ကိုယ်ထည်၊ Protective case အပြင် Leather carrying case အပါအဝင် အခြား Accessories တွေနဲ့ပူးတွဲထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

Galaxy Z Fold3 ကလည်း Case နဲ့ပဲဖြစ်ပါလိမ့်မယ်။ နောက်ထပ်ထည့်သွင်းပေးထားတာကတော့ S Pen Pro အတွက်အိတ်ပါပဲ။ ဒါပေမဲ့ Z Fold3 Wooyoungmi Edition ရဲ့အရောင်ဟာ ဘာဖြစ်မလဲဆိုတာကိုတော့ ရုပ်ပုံတွေက ဖော်ပြထားခြင်းမရှိပါဘူး။ Wooyoungmi Edition ကို ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ဖြန့်ချိမယ်ဆိုတာကိုလည်း မသိရသေးပေမဲ့ ဌာနေကိုရီးယားဈေးကွက်မှာ ဦးဆုံးဝယ်ယူရရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena