Samsung Galaxy Z Flip3 ကို အမြောက်အများ ထုတ်လုပ်နေပြီဆိုတဲ့ သတင်း ဒီလ အစောပိုင်းက ထွက်လာခဲ့ပါတယ်။ အခုတော့ အဲဒီသတင်းကို FrontPage Tech က ထပ်လောင်း အတည်ပြုပြောကြားလိုက်ပါတယ်။

Samsung Galaxy Z Flip3 in leaked promo

FrontPage Tech က Samsung ဟာ Galaxy Z Fold3 နဲ့ Galaxy Z Flip3 တို့ကို တစ်ရက်လျှင် အလုံးရေ ၅၀,၀၀၀ ကနေ ၇၀,၀၀၀ အတွင်း ထုတ်လုပ်နေတယ်လို့ ပြောပါတယ်။ Samsung ဟာ အဲဒီ စမတ်ဖုန်း ၂ လုံးအတွက် စုစုပေါင်း အလုံးရေ ၇ သန်း ထုတ်လုပ်ဖို့ ရည်ရွယ်ထားပြီး မိတ်ဆက်ပွဲအမှီ ရောင်းချဖို့ အဆင်သင့် ဖြစ်အောင် လုပ်ဆောင်နေပါတယ်။

Samsung Galaxy Z Flip 3 release date, price, news, leaks and rumors |  TechRadar

Samsung ကတော့ Galaxy Z Fold3 နဲ့ Galaxy Z Flip3 တို့ရဲ့ သတင်းအချက်အလက်တွေကို ဘာမှ မပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ Samsung ဟာ အဲဒီ စမတ်ဖုန်းတွေကို ဩဂုတ်လ ၃ ရက်နေ့ကြေညာနိုင်ပြီး ဩဂုတ်လ ၂၇ ရက်နေ့ ရောင်းချမယ်လို့ သတင်းပေါက်ကြားနေပါတယ်။

အဲဒီ စမတ်ဖုန်း ၂ လုံး မကြေညာခင် Galaxy Watch4 နဲ့ Watch Active4 တို့ကို ဩဂုတ်လ ၁၁ ရက်နေ့ ချပြမယ်လို့လည်း သတင်းထွက်နေပါတယ်။  မတ်လတုန်းက နာမည်ကြီး Tipster Ice Universe က Galaxy Watch4 နဲ့ Galaxy Watch Active4 ကို ၂၀၂၁ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်း ကြေညာမယ်လို့ ပြောခဲ့ပါသေးတယ်။ အခု သတင်းအရဆိုရင် ကွာတား ၂ အတွင်း ထွက်လာမှာ မဟုတ်တော့ပါဘူး။ သတင်းတွေက အမျိုးမျိုးထွက်နေသေးတဲ့အတွက် သေချာရေရာမှု မရှိသေးပါဘူး။

Ref : gsmarena