Samsung ဟာ Galaxy Z Flip3 အတွက် Thom Browne Limited Edition ကို ဒီနှစ်မှာ ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ ဖုန်းရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပြီး ထုံးစံအတိုင်း အရောင် ၃ ရောင်ပါတဲ့ လိုင်းတွေနဲ့ Matte Gray Paint Job ကို သုံးထားပါတယ်။ တကယ်တော့ Galaxy Z Flip3 ဖုန်း အစစ်မဟုတ်ဘဲ ခန့်မှန်း ဒီဇိုင်းဆွဲထားတာပါ။

ဒီနှစ်ထုတ် မော်ဒယ်မှာ အပြင်မျက်နှာပြင်က ပိုကြီးလာပြီး ၁.၁ လက်မ ရှိမယ်လို့ သတင်းထွက်နေပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားမှာ ဖြစ်ပြီး အပြင်ဘက်မျက်နှာပြင်မှာ Always On Display ထောက်ပံ့ထားမှာပါ။

ပေါက်ကြားသတင်းအရ Snapdragon 870 Chipset , 8GB RAM , 256GB Storage , One UI 3.1 , 3,273mAh ဘက်ထရီ၊ 15W Wired နဲ့ 9W Wireless Charging တွေ ထည့်သွင်းထားနိုင်ပါတယ်။ အနောက်ဘက်မှာ 12+12MP Wide & Ultrawide ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 10MP ကင်မရာ ထည့်သွင်းထားမှာပါ။ ဖုန်းတင်မက စမတ်နာရီနဲ့ နားကြပ်တွေကိုပါ ပူးတွဲ ရောင်းချမှာ ဖြစ်ပြီး Galaxy Watch4 or Watch4 Classic နဲ့ Galaxy Buds2 တို့ ဖြစ်မှာပါ။

Samsung Galaxy Z Flip  Thom Browne Limited Edition ကို ၂,၄၈၀ ဒေါ်လာနဲ့ ရောင်းပေးခဲ့တာ ဖြစ်ပြီး သိန်း ၄၀ လောက်ကျသင့်ပါတယ်။ Galaxy Z Flip3 Thom Browne Edition ကို ရောင်းချမယ့် ဈေးနှုန်း သတင်းအချက်အလက် ပေါက်ကြားခြင်း မရှိသေးပါဘူး။

Ref : gsmarena