Samsung ဟာ Foldable ဖုန်း နယ်ပယ်မှာ ဦးဆောင်နေပြီး အခုနောက်ဆုံး ကြေညာလိုက်တာက Clamshell Folding ဖုန်း ဖြစ်တဲ့  Galaxy Z Flip4 ဖြစ်ပါတယ်။ ပိုမိုပါးလွှာတဲ့ Hinge ကို သုံးထားတဲ့အတွက် ဖုန်းဟာ ပိုမိုကျစ်လစ်လာပြီး ထိခိုက်မှုသိပ်မရှိတော့ပါဘူး။

Samsung Galaxy Z Flip4 is here with redesigned hinge and larger battery

အနောက်ဘက်က ဖန်မျက်နှာပြင်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပြီး ဖရိမ်ကို Armor Aluminum နဲ့ တည်ဆောက်ထားပါတယ်။ Folding မျက်နှာပြင်ရဲ့ ဘေးဘောင်တွေဟာ ပါးလွှာလာပြီး မျက်နှာပြင် အရွယ်အစားက ၆.၇ လက်မ ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ Dynamic AMOLED ဖြစ်ပြီး FHD+ Resolution ရှိကာ အရင်နှစ် မော်ဒယ်လို 120Hz Adaptive Refresh Rate ထောက်ပံ့ထားပါတယ်။ 22:9 Aspect Ratio ဖြစ်ပြီး Punch Hole မှာ 10MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

အပြင်ဘက် ကာဗာ မျက်နှာပြင်က ၁.၉ လက်မ ဖြစ်ပြီး 260x512p Resolution ရှိပါတယ်။ Samsung က ကာဗာ မျက်နှာပြင်ရဲ့ စွမ်းရည်တွေကို တိုးချဲ့ထားပါတယ်။ ဖုန်းရဲ့ ပင်မ UI နဲ့ Sync လုပ်နိုင်တဲ့ Custom Panel နဲ့ Theme အပါအဝင် Customization Option ပါလာပြီး ကာဗာ မျက်နှာပြင်ကနေ Speech-to-text ၊ Emoji တွေနဲ့ Message တွေကို တိုက်ရိုက် ပြန်နိုင်ပါတယ်။

Samsung Galaxy Z Flip4 is here with redesigned hinge and larger battery

ဖုန်းကို ဖွင့်စရာ မလိုဘဲ အနှစ်သက်ဆုံး Contact ၃ ယောက်ကို ဖုန်းခေါ်နိုင်တဲ့ Widget နဲ့ Quick Setting တွေ ပါလာပြီး SmartThings Home Device တွေကို ထိန်းချုပ်နိုင်ပါတယ်။ Samsung Pay Card ကိုလည်း ကာဗာ မျက်နှာပြင်မှာ မြင်ရပါတယ်။

Z Flip4 မှာ Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128/256/512GB Storage ပါလာပါတယ်။ အနောက်ကင်မရာ ၂ လုံးက 12MP Main နဲ့ 12MP Ultrawide တွေ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲ အပိုင်းမှာ Android 12 အခြေပြု OneUI 4.1 မောင်းနှင်ထားပြီး Google Meet, Zoom နဲ့ Facebook Messenger တို့လို ဗီဒီယို Calling App တွေအတွက် UX ကို ပိုကောင်းစေတဲ့ FlexMode Option အသစ်တွေ ထည့်ထားပါတယ်။ Flex Mode Touchpad ရဲ့ တိကျတဲ့ Control တွေကို App တွေမှာ တိုးချဲ့ပေးထားပြီး Multi-window ကို ထောက်ပံ့တဲ့ App တွေ ပိုများလာပါတယ်။

3,700mAh ဘက်ထရီ ပါလာပြီး Flip3 ရဲ့ 3,300mAh ထက် ပိုကြီးလာပါတယ်။ 25W Charging ထောက်ပံ့ထားပြီး Flip3 ရဲ့ 15W ထက် တိုးတက်လာပါတယ်။ Graphite, Pink Gold , Bora Purple နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၉၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena