Samsung ဟာ ယခုနှစ်အတွင်းမှာ Galaxy Foldable ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy Z Fold4 နဲ့ Galaxy Z Flip4 စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung Galaxy Z Flip4 နဲ့ ပတ်သက်တဲ့သတင်းတစ်ခုက ပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါသတင်းကိုတော့ Display နဲ့ ပတ်သက်တဲ့သတင်းတွေကို ပြောကြားနေကျဖြစ်တဲ့ Leakster တစ်ဦးဖြစ်တဲ့ DSCC မှ Ross Young ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယခုသတင်းဟာ ဖြစ်နိုင်ခြေမြင့်မားတယ်လို့တောင် ပြောနိုင်ပါတယ်။

သူ့ရဲ့ ပြောကြားချက်အရတော့ Samsung Galaxy Z Flip4 ရဲ့ အပြင်ဘက် Display ဟာ ပြီးခဲ့တဲ့ Galaxy Z Flip3 တုန်းက 1.9″ ထက် ပိုကြီးမားမှာဖြစ်ပြီး 2″ နဲ့အထက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်အရွယ်အစားလဲဆိုတာကို အတိအကျပြောကြားထားခြင်းမရှိတာကြောင့် Screen Size ဘယ်လောက်ထိ ရှိမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Samsung Galaxy Z Flip4 ရဲ့ အပြင်ဘက် Display ဟာ 3″ အောက်ပဲရှိမှာဖြစ်တာကြောင့် သာမန် Notification ၊ Message တွေနဲ့ Camera အတွက် Preview အနေနဲ့ပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ တခြား Galaxy Z Fold Series ဖုန်းတွေလိုမျိုး အပြင်ဘက် Display ကိုတော့ သီးသန့်ဖုန်းတစ်လုံးအတိုင်း အသုံးပြုနိုင်ဦးမှာမဟုတ်ပါဘူး။

Samsung Galaxy Z Flip4 စမတ်ဖုန်းဟာ နောက်ဆုံးသိရတဲ့သတင်းတွေအရ Qualcomm Snapdragon 8 Gen1+ Chipset ကို အသုံးပြုထားမှာဖြစ်ပြီး Battery အနေနဲ့ 3400mAh Battery ပါဝင်မှာဖြစ်ပါတယ်။ မိတ်ဆက်ဖို့ အချိန်ကြာမြင့်ဦးမှာဖြစ်တာကြောင့် နောက်ပိုင်းမှာ တခြားသော သတင်းတွေလည်း ထပ်မံပေါက်ကြားလာနိုင်ပါတယ်။

Ref – GSM Arena