Samsung ဟာ နှစ်တိုင်း Foldable ဖုန်းအမျိုးအစား ၂ မျိုးဖြစ်တဲ့ Galaxy Z Fold Series နဲ့ Galaxy Z Flip တွေကို မိတ်ဆက်နေကျဖြစ်ပါတယ်။ အခုလည်း လာမယ့် ၂၀၂၃ ခုနှစ်မှာ မိတ်ဆက်လာဖို့ရှိနေတဲ့ Galaxy Z Flip5 ဖုန်းနဲ့ ပတ်သက်ပြီး သတင်းတစ်ခုပေါက်ကြားလာခဲ့ပါတယ်။

ဒါကတာ့ Samsung Galaxy Z Flip5 ဖုန်းရဲ့ အပြင်ဘက် Cover Display က ယခင်ထက် ပိုပြီးကြီးမားတဲ့အရွယ်အစားကို အဆင့်မြှင့်တင်သွားမှာပဲဖြစ်ပါတယ်။ အဆိုပါ သတင်းကို Display Supply Chain Consultants ရဲ့ CEO အဖြစ် တာဝန်ယူထားတဲ့ Ross Young ကနေ ပြောကြားခဲ့တာဖြစ်ပြီး မှန်ကန်နိုင်ခြေများနေပါတယ်။

Ross Young ရဲ့ ပြောကြားချက်အရ Samsung ဟာ လက်ရှိ Galaxy Z Flip4 ဖုန်းရဲ့ Cover Display ဖြစ်တဲ့ 1.9″ Screen Size ကနေ 3.3″ သို့မဟုတ် 3.4″ Display Size အထိ မြှင့်တင်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့် Galaxy Z Flip5 ရဲ့ အပြင်ဘက် Cover Display ဟာ ၂ ဆနီးပါး ပိုကြီးမားလာမှာဖြစ်ပါတယ်။

ဒါ့အပြင် Galaxy Z Flip5 ဖုန်းဟာ လက်ရှိ Samsung Foldable ဖုန်းတွေထက် ပိုမိုကောင်းမွန်တဲ့ Display Hinge Design အသစ်ကိုပါ အသုံးပြုလာမယ်လို့ သိရပါတယ်။​ ဒါကြောင့် Galaxy Z Flip5 ဖုန်းရဲ့ Display ခေါက်ချိုးရာ Crease ဟာ သိသိသာသာကို မြင်နိုင်ဖို့ ခက်ခဲသွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့် ၂၀၂၃ ခုနှစ်ဟာ Samsung Foldable ဖုန်းတွေအတွက် Design ပိုင်းနဲ့ Display ပိုင်း သိသိသာသာအဆင့်မြှင့်လာမယ့်နှစ်တစ်နှစ်ဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena