Samsung ရဲ့ ယခုနှစ်အစောပိုင်းတုန်းက Galaxy S20 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်ခဲ့တဲ့ Galaxy Z Flip Foldable ဖုန်းဟာ Foldable ဖုန်းတစ်လုံးအနေနဲ့ အောင်မြင်ခဲ့တဲ့ဖုန်းလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း စွမ်းဆောင်ရည်ပိုင်းမှာတော့ Galaxy S20 Series ဖုန်းတွေလိုမျိုး နောက်ဆုံးထွက် Flagship Processor တွေအစား မနှစ်တုန်းက Snapdragon 855+ ကိုပဲ အသုံးပြုထားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာတင် Flagship ဖုန်းတွေကို မမှီတဲ့အပြင် Camera ပိုင်းမှာလည်း တော်တော်လေးကို အားနည်းတယ်လို့ ပြောလို့ရပါတယ်။ Back Camera ပိုင်းမှာလည်း DxOMark ကနေ Galaxy S10+ ဖုန်းထက်တောင် အားနည်းတဲ့ ၁၀၅ မှတ်ပဲ ရရှိတာဖြစ်ပြီး အခုလည်း DxOMark ကနေ Galaxy Z Flip ရဲ့ Selfie Camera ရမှတ်ကို ထုတ်ပြန်လိုက်ပါတယ်။

DxOMark ရဲ့ စမ်းသပ်ချက်အရတော့ Samsung Galaxy Z Flip ဖုန်းဟာ Selfie Camera ပိုင်းမှာလည်း စုစုပေါင်းရမှတ် ၈၅ မှတ်ပဲ ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရမှတ်ဟာ တခြားသော Flagship စမတ်ဖုန်းတွေကို မယှဥ်နိုင်တဲ့အပြင် Samsung ရဲ့ Galaxy A Series ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy A71 ရဲ့ ရမှတ်နဲ့ တူညီနေတာဖြစ်ပါတယ်။

DxOMark ကတော့ Galaxy Z Flip မှာသုံးထားတဲ့ 10MP f2.4 Selfie Camera ဟာ လိုအပ်ချက်တွေအများအပြားရှိနေတယ်လို့ ပြောကြားခဲ့ပြီး Dynamic Range ကောင်းမွန်ပေမယ့် Contrast ပိုင်း၊ Autofocus ပိုင်းနဲ့ Background Details ပိုင်းတွေမှာ သိသိသာသာကို အားနည်းတယ်လို့ သိရပါတယ်။ Low Light ပိုင်းတွေမှာလည်း Noise က တော်တော်လေးကိုထနေတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ Portrait Mode ကလည်း Flagship ဖုန်းတွေလိုမျိုး Depth ကို သေချာခွဲခြားနိုင်ခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ နောက်ထပ် Foldable ဖုန်းအသစ်မှာ စွမ်းဆောင်ရည်ပိုင်းတင်မဟုတ်ဘဲ Camera ပိုင်းကိုပါ သေချာပြုလုပ်ဖို့လိုအပ်နေပါပြီ။

Ref – GSM Arena