Samsung က နယူးယောက် အခြေစိုက် ဖက်ရှင်ကုမ္ပဏီ Thom Browne နဲ့ ပူးပေါင်းကာ အထူးထုတ် Galaxy Z Fold 2 ကို ရောင်းချပေးထားပါတယ်။ ဖက်ရှင် မကြိုက်သူတွေအတွက် အခု နောက် ၁ မျိုးလာတော့မှာပါ။ နာမည်ကျော် ကား ကုမ္ပဏီ Aston Martin နဲ့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ အထူးထုတ် Galaxy Fold 2 Aston Martin Limited Edition ကို တရုတ်မှာ ရောင်းပေးတော့မယ်လို့ သတင်းထွက်လာပါတယ်။

Samsung က တရားဝင် မချပြသေးခင်မှာပဲ Galaxy Z Fold 2 Aston Martin Limited Edition ရဲ့ ဓါတ်ပုံတွေကို Ice Universe က တွစ်တာမှာ တင်ထားပါတယ်။

У Samsung Galaxy Z Fold 2 будет еще одна специальная версия — целый комплект от Aston Martin | PriceMedia

ဓါတ်ပုံတွေမှာ အညိုရောင် ဖုန်းဘူးကြီးကို တွေ့ရပြီး ထိပ်ဖက်မှာ Galaxy Z Fold 2 5G နဲ့ Galaxy Watch3 လို့ ရေးသားထားပါတယ်။ အဲဒီအတွက် Thom Browne Edition မှာလို Galaxy Buds Live မပါလာနိုင်ပါဘူး။ ဘူးခွံရဲ့ အောက်ခြေမှာ Tmall စာသားကိုလည်း တွေ့ရတဲ့အတွက် အဲဒီကနေ ရောင်းမှာ သေချာပါတယ်။

ဘူးထဲမှာ Galaxy Z Fold 2 Mystic Black ကို တွေ့ရပြီး လိမ္မော်ရောင် Aston Martin သား‌ရေ Case ပါလာပါတယ်။ Navy Blue အရောင် Aston Martin Polo Shirt ၁ ထည်၊ အဖြူ၊ အနက် Baseball Hat နဲ့ Galaxy Watch3 Mystic Black ထည့်ထားပါတယ်။

Ref : gizmochina