Samsung ကနေ Galaxy Note 20 Series စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ Galaxy Unpacked Event ကိုပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Galaxy Unpacked Event မှာ Galaxy Note 20 Series နဲ့ Galaxy Z Flip 5G ဖုန်းတွေကိုပဲ မိတ်ဆက်သွားမှာဖြစ်ပြီး Galaxy Z Fold 2 ဖုန်းကိုတော့ မိတ်ဆက်ဦးမှာမဟုတ်သေးဘူးလို့ သိရပါတယ်။

လက်ရှိသိရှိရတဲ့သတင်းတွေအရတော့ Samsung ကနေ Galaxy Fold ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းကို Galaxy Z Fold 2 လို့ခေါ်ဆိုသွားမှာ သေချာနေပေမယ့် လောလောဆယ် Software ပိုင်းအဆင်သင့်မဖြစ်သေးတဲ့အတွက် စက်တင်ဘာလနောက်ပိုင်းမှ မိတ်ဆက်မယ်ဆိုပြီး ခန့်မှန်းနေကြတာဖြစ်ပါတယ်။ အခုလည်း Galaxy Z Fold 2 နဲ့ ပတ်သက်ပြီးတော့ သတင်းအချို့ထပ်မံပေါက်ကြားလာပါပြီ။

အဆိုပါ သတင်းအရတော့ Galaxy Z Fold 2 ဖုန်းဟာ အတွင်းပိုင်း Display က 7.7″ ရှိမှာဖြစ်ပြီး Y-OCTA နည်းပညာအသုံးပြုထားပြီး 120Hz Refresh Rate ပါဝင်တဲ့ S-AMOLED Display ဖြစ်လာမှာပါ။ Galaxy Z Flip လိုမျိုး Ultra Thin Glass (UTG) Display ကိုလည်း အသုံးပြုထားမှာဖြစ်ပါတယ်။

အပြင်ဘက် Cover Display အနေနဲ့ကတော့ 6.23″ Size ရှိမှာဖြစ်ပြီး 120Hz Refresh Rate အစား 60Hz ကိုပဲ Support ပေးမှာဖြစ်ပါတယ်။ Fingerprint Sensor ကိုတော့ Side-mounted Design ပြုလုပ်ထားမယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Selfie Camera အနေနဲ့ 10MP Sensor ကို Punch-hole Design ပြုလုပ်ထားမှာပါ။ Back Camera အနေနဲ့ကတော့ 12MP Primary Sensor ၊ 12MP Ultrawide Sensor နဲ့ 64MP Telephoto Sensor တွေပါဝင်တဲ့ Triple Camera Setup ပါဝင်လာမှာဖြစ်ပါတယ်။

တခြားသော Specification တွေအနေနဲ့ကတော့ Samsung Galaxy Z Fold 2 ဖုန်းဟာ Snapdragon 865+ Chipset ၊ 25W Fast Charging ကို Support ပြုလုပ်နိုင်တဲ့ 4365mAh Battery ပါဝင်မယ်လို့လည်း သိရပါတယ်။ Storage အနေနဲ့ကတော့ 256GB သို့မဟုတ် 512GB ဆိုပြီး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Ref – Gizmo China