ဩဂုတ် ၅ ရက်နေ့က ကျင်းပခဲ့တဲ့ Galaxy Unpacked ပွဲမှာ Galay Z Fold 2 ကို လူကြိုက်များခဲ့တဲ့ Galaxy Fold ရဲ့ ဆက်ခံသူအဖြစ် တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ ဒီဟန်းဆက်ဟာ တရုတ်နိုင်ငံရဲ့ TENAA ပလက်ဖောင်းပေါ် အတည်ပြုချက် ရယူခဲ့ပြီး စက်တင်ဘာ လဆန်းမှာတင် မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။

Galaxy Z Fold 2 ဟန်းဆက်ဟာ တရုတ်နိုင်ငံ ပလက်ဖောင်းပေါ်သို့ ဩဂုတ် ၁၁ ရက်နေ့မှာ ရောက်ရှိကာ အစစ်ဆေး ခံခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။ သူတို့က Specs တွေကို မဖော်ပြပေမယ့် Z Fold 2 ရဲ့ အဓိက အချက်အလက် အချို့ကို သိထားရပြီးသားပါ။ မော်ဒယ်နံပါတ် SM-F9160 ဖြစ်တဲ့ Z Fold 2 ဟာ Dual-mode 5G ထောက်ပံ့ပေးပြီး ဗီယက်နမ်မှာ ထုတ်လုပ်တပ်ဆင်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာပဲ ကျင်းပခဲ့တဲ့ Galaxy Note 20 စီးရီး မိတ်ဆက်ပွဲမှာ Samsung ကုမ္ပဏီက Galaxy Z Fold 2 ကို တရုတ်စျေးကွက်အတွက် စက်တင်ဘာ ၉ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း တရားဝင် ပြောကြားခဲ့ပြီးသားပါ။ အမေရိကန် နိုင်ငံမှာတော့ စက်တင်ဘာမှာ အကြိုအမှာစာ စတင်လက်ခံပြီး ၁၈ ရက်နေ့မှ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Foldable ဟန်းဆက်အသစ်ဟာ အပြင်ဘက်မှာ 6.2” Display နဲ့ ဖြန့်လိုက်ရင် 7.6” အဓိက Display တို့ပါဝင်ပြီး Screen ရဲ့ ညာဘက်မှာ Punch-hole တစ်ခုနဲ့ပါ။ အတွင်းမှာ Snapdragon 865 Plus ချစ်ပ်ဆက် အသုံးပြုထားကာ နောက်ဘက်မှာ Galaxy Note 20 နဲ့ ဆင်တူတဲ့ Triple-camera အတွဲ ထည့်သွင်းထားပါတယ်။

Samsung က ဒီဟန်းဆက်ကို Mystick Black နဲ့ Mystic Bronze ကာလာနှစ်မျိုးနဲ့ ရောင်းချလာမှာဖြစ်ပြီး Thom Browne Edition ဆိုတဲ့ အထူး Limited ဗားရှင်းတစ်ခုကိုလည်း ရောင်းချလာဦးမှာပါ။

Ref – GizmoChina