ဩဂုတ်လ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ Unpacked Event မှာ Samsung ဟာ မျိုးဆက်သစ် Galaxy Z Fold2 5G ကိုလည်း တရားဝင် မိတ်ဆက်ခဲ့ပေမယ့် တိကျတဲ့ အချက်အလက်တွေကိုတော့ မထုတ်ပေးခဲ့ပါဘူး။ Galaxy Foldable စမတ်ဖုန်းသစ်ရဲ့ ပုံရိပ်နဲ့အတူ အချိန်အတော်ကြာ မိတ်ဆက်ပေးခဲ့ပေမယ့် Specs နဲ့ စျေးနှုန်းတွေကို ဖော်ပြပေးဖို့လည်း ပျက်ကွက်ခဲ့ပါတယ်။

အခုရက်ပိုင်းမှာတော့ စျေးကွက်ထဲ တင်ပို့ဖို့ နီးစပ်လာတဲ့ Galaxy Z Fold2 အတွက် တရားဝင် Teaser တွေနဲ့ Specs တွေ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့ပြီး Promo အတိုလေးတွေ၊ ပကတိပုံရိပ် Hands-on ဓါတ်ပုံတွေကို မိတ်ဆက်လာခဲ့တာပါ။

ယနေ့မှာတော့ အသစ်စက်စက် ကြော်ငြာဗီဒီယိုအသစ် ထွက်ပေါ်လာခဲ့ပြီး ဒီထဲမှာ Z Fold2 5G ရဲ့ Phone-Tablet စတိုင် အသုံးပြုပုံကို အပြည့်အဝ ဖော်ပြလာပါတယ်။ 7.6” လက်မအရွယ် Ultra-Thin Glass Display ဟာ 120Hz Refresh Rate ပါဝင်ပြီး ကိုက်ညီအောင်ပြုပြင်ထားတဲ့ Adaptive Flex Mode နဲ့ Multi-tasking စွမ်းရည် စတာတွေကိုမြင်ရမှာပါ။

Note20 စီးရီးနဲ့အတူ ကြေညာထားတဲ့ Wireless DeX နည်းပညာကလည်း Galaxy ဟန်းဆက်ဟောင်းတွေမှာပါ ရရှိနိုင်သလို အခု ထွက်လာမယ့် Fold2 မှာလည်း ပါဝင်လာဦးမှာဖြစ်ပါတယ်။ Samsung Galaxy Z Fold2 5G စမတ်ဖုန်းကို စက်တင်ဘာ ၁ ရက်နေ့မှာ စတင် အကြိုမှာယူခွင့် ရတော့မှာဖြစ်ပြီး လကုန်ခါနီးလာတာနဲ့အမျှ သူ့ရဲ့ Key Feature တွေကို ပိုမြင်လာရမှာပါ။

Ref – GSMArena