Galaxy Z Fold2 စမတ်ဖုန်းကို Samsung ရဲ့ Unpacked Event မှာ မိတ်ဆက်ခဲ့ပေမယ့်လည်း အချက်အလက် အပြည့်အစုံနဲ့ သေသေချာချာ မြင်တွေ့ခဲ့ရတာ မဟုတ်ပါဘူး။

Samsung ဟာ ဒီ Foldable အသစ်အတွက် စျေးနှုန်းနဲ့ Specs အပြည့်အစုံကို လာမယ့် စက်တင်ဘာ ၁ ရက်နေ့မှ ထုတ်ချလာဖို့ မျှော်လင့်ထားရပြီး ယနေ့မှာတော့ သူ့ရဲ့ မွမ်းမံထားတဲ့ ဒီဇိုင်းသစ်ကို သေသေချာချာ မြင်ရတဲ့ Hands-on ဗီဒီယို တစ်ခု ထွက်ပေါ်လာပါတယ်။ ဒီဗီဒီယိုထဲမှာ Galaxy Z Fold2 ရဲ့ ဒီဇိုင်းနဲ့ Software အသုံးပြုပုံ အနည်းငယ်ကိုပါ မြင်ရမှာပါ။

ဒါပေမယ့် အဓိက Display ရဲ့ အလယ်တည့်တည့်မှာ ခေါက်ချိုးရာကိုတော့ မလွှဲမရှောင်သာ သတိပြုမိမှာပါ။ ဒါက အလင်းပေးထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Galaxy Z Flip မှာ စတင် ပွဲထွက်ခဲ့တဲ့ Flex Mode ကိုလည်း မြင်တွေ့ရနိုင်ပြီး Z Fold2 ရဲ့ ပြန်မွမ်းမံထားတဲ့ ဒီဇိုင်းကြောင့် အသုံးပြုနိုင်လာတာ ဖြစ်ပါတယ်။

Flex Mode ကို Split Camera App ထဲမှာ မြင်တွေ့ရပြီး တစ်ခြမ်းမှာ Viewfinder အလုပ်လုပ်နေစဉ် နောက်တစ်ခြမ်းမှာ ရွေးချယ်စရာ Menus တွေ ပေါ်နေတာကို တွေ့ရမှာပါ။ အဓိက Display သာမက အပြင်ဘက်က 6.2” Screen ကိုလည်း တွေ့မြင်ရပါတယ်။

Ref – GSMArena