Samsung က Galaxy Z Fold2 ကို ကြေညာလိုက်ပေမယ့် Specs အပြည့်အစုံကို မပြောသေးပါဘူး။ မျက်နှာပြင် ၂ ခု ပါလာပြီး အတွင်းဘက် မျက်နှာပြင်ဟာ ၇.၆ လက်မဖြစ်ပါတယ်။ Ultra Thin Glass (UTG) ဖုံးအုပ်ထားပါတယ်။ အပြင်ဘက် မျက်နှာပြင်ဟာ ၆.၂ လက်မ ဖြစ်ပြီး ခေါက်ချိုးထားရင် အရှေ့ဘက် ၁ ခုလုံးကို လွှမ်းခြုံထားပါတယ်။ အရှေ့ဘက် ကင်မရာနဲ့ အတွင်း ကင်မရာတွေကို Punch Hole မှာ ထည့်သွင်းထားပါတယ်။

ဈေးနှုန်း၊ Chipset ၊ ကင်မရာနဲ့ ဘက်ထရီ သတင်းအချက်အလက်တွေကို မသိရသေးဘဲ စက်တင်ဘာလ ၁ ရက်နေ့ကျမှ သိရမှာပါ။ XDA ကတော့အဲဒီဖုန်းရဲ့ Specs တွေကို ဖော်ကောင်လုပ်ထားပါတယ်။ အတွင်း မျက်နှာပြင်ဟာ 1768x2208p Dynamic AMOLED 2X ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရင်သတင်းထွက်ခဲ့သလို S Pen မပါလာပါဘူး။ အပြင်ဘက် မျက်နှာပြင်ဟာ 816x2260p Super AMOLED မျက်နှာပြင် ဖြစ်ပြီး 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အတွင်းနဲ့ အပြင်ဘက် မျက်နှာပြင် ၂ ခုစလုံးဟာ HDR10+ ကိုထောက်ပံ့ထားပြီး လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။

Snapdragon 865+ Chipset မောင်းနှင်ထားနိုင်ပြီး 12GB LPDDR5 RAM နဲ့ 256GB Storage ပါပါတယ်။ 5G ဆက်သွယ်မှု ပါလာပြီး အနောက်ကင်မရာ ၃ လုံးက 12MP တွေဖြစ်ပါတယ်။ ပင်မ ကင်မရာမှာ OIS ထည့်ထားပြီး ကျန် ၂ လုံးက Telephoto နဲ့ Ultrawide တွေ ဖြစ်ပါတယ်။ အရှေ့ ကင်မရာ ၂ လုံးက 10MP တွေ ဖြစ်ပါတယ်။

ဒီနှစ်နှောင်းပိုင်းမှာ ရောင်းမှာ ဖြစ်ပြီး ဘက်ထရီက 4500mAh ဖြစ်ပါတယ်။ 25W Fast Wired Charging နဲ့ 11W Wireless Charging တွေ ထောက်ပံ့ထားမှာပါ။ ဒါ့အပြင် Reverse Wireless Charging လည်း ထည့်သွင်းထားမှာ ဖြစ်ပြီး Mystic Black နဲ့ Mystic Bronze ၂ ရောင် ထုတ်လုပ်ထားမှာပါ။

Hinge မှာ Z Flip ရဲ့ Flex Mode ပါလာမှာ ဖြစ်ပြီး Samsung.com ကနေ ဝယ်ရင် Hinge ကာဗာကို Customize လုပ်နိုင်မှာပါ။  စက်တင်ဘာလ ၁ ရက်ကျမှ ကြိုတင်မှာယူနိုင်မှာဖြစ်ပါတယ်။

Ref : gsmarena