Samsung က Unpacked Event မှာ Galaxy Z Fold2 ကို ကြေညာခဲ့ပေမယ့် Specs အပြည့်အစုံကို မပြောသွားပါဘူး။ စက်တင်ဘာလ ၁ ရက်နေ့မှာ အသေးစိတ်ကို ကြေညာမယ်လို့ထင်ရပြီး အခုတော့ Samsung Bulgaria ကနေ အဲဒီဖုန်းရဲ့ Case တွေ ထွက်ပေါ်လာပါတယ်။

Leather Cover အတွက် အနက်၊ အညိုနဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ထားပြီး အညိုရောင်ဟာ Mystic Bronze မော်ဒယ်နဲ့ လိုက်ဖက်ပါတယ်။ နောက် Case ၁ ခုကို Aramid Standing Cover လို့ ခေါ်ပြီး Kick Stand တပ်ဆင်ထားတဲ့အတွက် အရှေ့ မျက်နှာပြင်ကနေ ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်နိုင်ပါတယ်။ Kick Stand ကို အနက်ရောင်ပဲ ထုတ်လုပ်ပေးထားပါတယ်။

Case တွေက အရှေ့ဘက် မျက်နှာပြင် ၁ ဝက်ကို မကာကွယ်ပေးထားပါဘူး။ Samsung ဟာ Z Fold2 ရဲ့ အရွယ်ကြီး အပြင်ဘက် မျက်နှာပြင်ကို အချိန်ကုန် ၊ ငွေကုန်ခံပြီး ဖန်တီးပေးခဲ့တာ ဖြစ်ပြီး အဲဒါကို ကာကွယ်ပေးနိုင်အောင် Case တွေကို မဖန်တီးပေးထားတာလဲဆိုတာ စဉ်းစားစရာပါ။ Protection ပိုကောင်းတဲ့ Case တွေကို Samsung က ထပ်ထုတ်မယ်လို့ ထင်ရပါတယ်။

Ref : gsmarena