Samsung Galaxy Z Fold3 နဲ့ Z Flip3 ရဲ့ သတင်းအချက်အလက်တွေ မကြာခဏပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ တောင်ကိုရီးယား မီဒီယာ ETNews က အဲဒီ စမတ်ဖုန်းတွေရဲ့ မျက်နှာပြင် အရွယ်အစား သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။

Samsung Galaxy Z Fold3 and Z Flip3 display sizes confirmed once again

ETNews က Galaxy Z Fold3 ရဲ့ အပြင်ဘက် မျက်နှာပြင် အရွယ်အစားဟာ ၆.၂၃ လက်မ ဖြစ်ပြီး အတွင်းဘက် မျက်နှာပြင် အရွယ်အစားဟာ ၇.၅၅ လက်မ ရှိမယ်လို့ ပြောပါတယ်။ အရင်မျိုးဆက်ရဲ့ မျက်နှာပြင် အရွယ်အစားတွေနဲ့ ကွဲပြားမှု မရှိပါဘူး။ ဒါပေမယ့် စမတ်ဖုန်း အရွယ်အစား ပိုမို ကျစ်လစ်သွားမယ်လို့ ထင်ပါတယ်။

Gawk at these brilliant Galaxy Z Fold 3, Galaxy Z Flip 3 concept images -  SamMobile

Galaxy Z Flip3 အကြောင်းပြောရရင် အပြင်ဘက်မျက်နှာပြင် အရွယ်အစားဟာ ၁.၉ လက်မ ဖြစ်ပြီး မူလ Z Flip မှာတော့ ၁.၁ လက်မ မျက်နှာပြင်ကို သုံးထားပါတယ်။ Galaxy Z Flip3 ရဲ့ အတွင်းဘက် ပင်မ မျက်နှာပြင်က ၆.၇ လက်မ ဖြစ်မယ်လို့ သိရပါတယ်။

ETNews က Samsung Galaxy Z Fold3 နဲ့ Z Flip3 ရဲ့ တခြား သတင်းအချက်အလက်တွေကို မပြောပါဘူး။ အဲဒီ စမတ်ဖုန်းတွေကို ကြေညာမယ့် အချိန်ကို Samsung က တရားဝင် မကြေညာသေးပါဘူး။  မိတ်ဆက်ပွဲ မတိုင်ခင် အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ ထပ်မံ ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena